Google တည်ထောင်သူ လယ်ရီပေ့ချ်နဲ့ ဆာဂျီဘရင်တို့က ဆန်ဒါးပီချိုင်းကို ရာထူးလွှဲပြောင်းပေးခဲ့

Google ကိုတည်ထောင်ခဲ့တဲ့ လယ်ရီပေ့ချ်နဲ့ ဆာဂျီဘရင်တို့ဟာ ကုမ္ပဏီကို ပြန်လည်နေရာတကျဖြစ်အောင် ဖွဲ့စည်းပြီးနောက် လူအများမြင်ကွင်းကနေ ပျောက်ကွယ်နေပါတယ်။ အခုအခါမှာတော့ လယ်ရီပေ့ချ်နဲ့ ဆာဂျီဘရင်တို့ဟာ မိခင်ကုမ္ပဏီ Alphabet ထိန်းချုပ်မှုကို Google အမှုဆောင်အရာရှိချုပ် ဆန်ဒါးပီချိုင်းဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

လယ်ရီပေ့ချ်နဲ့ ဆာဂျီဘရင်ဟာ Alphabet ဝန်ထမ်းတွေအဖြစ် ဆက်လက်ရှိနေကာ ဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်ဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Google တည်ထောင်သူတွေက ကုမ္ပဏီရဲ့ ဦးတည်မှုကို ကြီးကြပ်သွားမှာ မဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က စတန်းဖို့ဒ်တက္ကသိုလ်မှာ ဖန်တီးခဲ့တဲ့ ဒေါ်လာထရီလံယံပေါင်းများစွာ တန်ကြေးရှိတဲ့ ကုမ္ပဏီအရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်တော့မှာ မဟုတ်ပါဘူး။

“Alphabet ဟာ ကောင်းကောင်း အခြေကျနေပါပြီ။ Google နဲ့ Othe Bets ဟာ လွတ်လပ်တဲ့ ကုမ္ပဏီတွေအဖြစ် လည်ပတ်လုပ်ကိုင်နေပြီး ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှု ဖွဲ့စည်းတည်ဆောက်မှုကို ရိုးရှင်းအောင်ပြုလုပ်ဖို့ သဘာဝ အကျဆုံးအချိန် ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီကို စီမံခန့်ခွဲနိုင်ဖို့ နည်းလမ်းကောင်းရှိတဲ့အချိန်မှာ စီမံမှုအခန်းကဏ္ဍကို ဖက်တွယ်ထားမှာ မဟုတ်ပါဘူး။ Alphabet နဲ့ Google အတွက် အမှုဆောင်အရာရှိချုပ်နှစ်ဦး နဲ့ ဥက္ကဋ္ဌတစ်ဦး မလိုအပ်ပါဘူး။ ရှေ့ဆက်ဖို့အတွက် ဆန်ဒါးဟာ Google နဲ့ Alphabet အမှုဆောင်အရာရှိချုပ် ဖြစ်လာပါမယ်” လို့ပေ့ချ်နဲ့ဘရင်က ရေးသားခဲ့ပါတယ်။

စိုးထက်
Ref: TheVerge