Google ဆီဓာတ်ပုံတွေ ပေးပို့နိုင်တဲ့ tool ကို Facebook စမ်းသပ်

သုံးစွဲသူတွေက Facebook ကဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အခြား storage ဝန်ဆောင်မှုတွေဆီ လွှဲပြောင်းနိုငမယ့် tool အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Facebook အနေနဲ့ Google Photos ဆီဓာတ်ပုံတွေပေးပို့နိုင်အောင် စတင်ထောက်ပံ့ပေးခဲ့ပါတယ်။

အဲဒီ tool က Facebook သတင်းအချက်အလက်တွေကို download လုပ်ခွင့်ပြုတဲ့ feaure နဲ့ဆင်ပါတယ်။ သုံးစွဲသူများစွာဟာ ဓာတ်ပုံတွေကို သိမ်းဆည်းဖို့ Google ဝန်ဆောင်မှုကို အသုံးပြုကြပါတယ်။ အဲဒီဝန်ဆောင်မှုကို လွယ်ကူစွာ အသုံးပြုလိုသူတွေအနေနဲ့ Facebook ကကူညီပေးမှာ ဖြစ်ပါတယ်။ လတ်တလောမှာ Facebook က tool ကိုစမ်းသပ်နေပြီး သုံးစွဲသူတွေဆီက တုံ့ပြန်မှုကို စောင့်ဆိုင်းနေပါတယ်။

အခု tool ဟာအလွန်အသုံးတည့်လာမှာ ဖြစ်ပြီး Facebook, Google, Apple, Microsoft နဲ့ Twitter တို့ပါဝင်လာနိုင်ပါတယ်။ အဲဒီ ကုမ္ပဏီတွေဟာ Data Transfer Project စီမံကိန်းထဲမှာ ပါဝင်ကြပြီး အွန်လိုင်းဝန်ဆောင်မှုထောက်ပံ့သူတွေအကြား ဝက်ဘ်ဆိုက်က အချက်အလက်တွေကို လွယ်ကူစွာရွှေ့ပြောင်းနိုင်အောင် ပြုလုပ်ဖို့ ရည်မှန်းထားကြပါတယ်။ ဒါကြောင့် Facebook ရဲ့ tool ဟာ Microsoft ရဲ့ OneDrive ဒါမှမဟုတ် Apple ရဲ့ iCloud နဲ့လည်းတွဲဖက်လုပ်ဆောင်လာဖွယ်ရှိပါတယ်။

စိုးထက်
Ref: TheNextWeb