“GOING DIGITAL” ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကျင်းပမည်

မြန်မာလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) မှ National Host အဖြစ် ဦးစီးပြီး ရန်ကုန်တိုင်းလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (YRYEA) မှ စီစဉ်ကျင်းပမယ့် “GOING DIGITAL” webinar ကို နိုဝင်ဘာ ၂၂ ရက်၊ နံနက် ၁၀ နာရီမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ Panelists တွေအနေနဲ့ ဦးသောင်းတင် Founder & Chairman, Knowledge Management Dedication (KMD)Co.,Ltd, Vice President, UMFCCI၊ ဒေါက်တာထွန်းသူရသက် Founder & CEO, Myanmar Information Technology Co. Ltd, Vice President (Myanmar Computer Federation), ဦးအောင်ကျော်မိုး ( Founder & Group CEO , 2c2p) တို့က ဆွေးနွေးသွားမှာဖြစ်ပြီး Moderator အနေနဲ့ ဒေါ်သီရိရတနာကျော် , Founder & CEO, T Capital Limited , Executive Member, YRYEA တို့ကပါဝင်သွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို MYEA နဲ့ YRYEA Facebook Live အနေနဲ့ ကျင်းပသွားမှာဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ နိုဝင်ဘာလ ဒုတိယပတ်မှာ ကျင်းပလေ့ရှိတဲ့ စွန့်ဦးတီထွင်ရက်သတ္တပတ် Global Entrepreneurship Week (GEW) ကို ၂၀၁၈ ခုနှစ်မှ စတင်ပြီး MYEA မှ National Host အဖြစ် ကျင်းပလာခဲ့ရာ ယခုနှစ်တွင်လည်း နိုဝင်ဘာ ၁၆ ရက် မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ MYEA နဲ့ YRYEA ရုံးများသို့ ဆက်သွယ်ကာ ကြိုတင် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««