Go SMS Pro app ကနေ တစ်ကိုယ်ရေ အချက်အလက်တွေ ပေါက်ကြား

Go SMS Pro app ဟာ Android ပေါ်က နာမည်ကျော် app တစ်ခုဖြစ်ပြီး သုံးစွဲသူတွေ တစ်ကိုယ်ရေ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အခြားဖိုင်တွေ ပေါက်ကြားခဲ့ပါတယ်။ App ထုတ်လုပ်သူကလည်း အားနည်းချက်ကို မပြင်ဆင်သေးပါဘူး။

Trustwave က လုံခြုံရေးကျွမ်းကျင်သူတွေက ဩဂုတ်လမှ အားနည်းချက်ကို တွေ့ရှိခဲ့ပြီး ရက် ၉၀ အတွင်း ပြင်ဆင်ဖို့ ဆက်သွယ်ခဲ့ပါတယ်။ အားနည်းချက်တစ်ခုကို ပြင်ဆင်ဖို့ လုံလောက်တဲ့အချိန် အတိုင်းအတာ ပုံမှန်လုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရက် ၉၀ ကျော်ပြီးနောက် ပြန်လည် အကြောင်းမကြားတဲ့အတွက် သုတေသီတွေက အများသိအောင် ထုတ်ပြန်လိုက်ပါတယ်။

အားနည်းချက်က Go SMS Pro သုံးစွဲသူက ဓာတ်ပုံ၊ ဗီဒီယို ဒါမှမဟုတ် အခြားဖိုင်တွေကို app မသုံးတဲ့သူဆီ ပို့လိုက်တဲ့အခါ ဆာဗာထဲ ရောက်သွားပါတယ်။ သုံးစွဲသူက မက်ဆေ့ချ် ဝက်ဘ်ဆိုက်လိပ်စာနဲ့ ဝေမျှနိုင်ပြီး app ကို install လုပ်စရာ မလိုဘဲ လက်ခံသူက မြင်နိုင်တာဖြစ်ပါတယ်။

-စိုးထက်
Ref: TechCrunch

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««