Gmail Two-Step Verification သုံးစွဲသူ ၁၀ ရာခိုင်နှုန်းသာရှိကြောင်း Google ပြောကြား

Gmail ရဲ့ အထိရောက်ဆုံး လုံခြုံရေး feature တွေထဲကတစ်ခုကို သုံးစွဲတဲ့သူအရေအတွက် အနည်းအကျဉ်းသာရှိတယ်လို့ Google က ဖွင့်ဟလိုက်ပါတယ်။

Two-factor authentication (2FA) လို့ခေါ်တဲ့ လုံခြုံရေး feature ကို active Google account အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းမှာသာ အသုံးပြုကြတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဒီ feature ဟာ email address နဲ့ password ကိုသိရှိသည့်တိုင် ကိုယ့်ရဲ့ Gmail account ထဲကို အခြားသူတွေ အလွယ်တကူ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

2FA ကို enable လုပ်ထားတဲ့အခါ ကိုယ့်ရဲ့ login အချက်အလက်တွေအပြင် authentication code တစ်ခု ထည့်သွင်းဖို့ လိုအပ်ပါတယ်။

“Two-factor authentication ကို enable လုပ်ထားမယ်ဆိုရင် ကိုယ့်ရဲ့ Gmail account အချက်အလက် (username နဲ့ password) အပြင် ကိုယ့်ရဲ့ဖုန်းဆီ ပေးပို့ထားတဲ့ code တစ်ခု လိုအပ်ပါတယ်” လို့ Google က ပြောပါတယ်။

Gmail အတွက် 2FA ကို enable လုပ်မယ်ဆိုရင် ဒီ link ကိုနှိပ်ပြီး Google ရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်လံပြုလုပ်နိုင်ပါတယ်။

“Verification code တွေကိုသုံးဖို့ ရွေးချယ်ထားတယ်ဆိုရင် အဲ့ဒီ code ကို text, voice call ဒါမှမဟုတ် Google ရဲ့ mobile app ကနေတစ်ဆင့် ဖုန်းထံ ပေးပို့မှာဖြစ်ပါတယ်။ Code တစ်ခုစီကို တစ်ကြိမ်ပဲ သုံးနိုင်ပါတယ်” လို့ Google က ရှင်းပြခဲ့ပါတယ်။

Password တွေဟာ ဟက်ကာတွေဟာ account တွေကို ထိန်းချုပ်ရယူနိုင်စေမယ့် ထိပ်တန်းနည်းလမ်းဖြစ်တာကြောင့် သုံးစွဲသူအားလုံးအနေနဲ့ two-factor authentication ကို ချက်ချင်းအသုံးပြုသင့်တယ်လို့ Google အင်ဂျင်နီယာတွေက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၂ လအတွင်း keylogger တွေကနေ login အချက်အလက် ၇၈၈,၀၀၀ နဲ့ phishing ကနေ ၁၂ သန်း ခိုးယူခံခဲ့ရပြီး third-party data breach တွေကနေ ၃.၃ ဘီလျံ ပေါက်ကြားခဲ့တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: Indenpendent