Gmail ဝန်ဆောင်မှု ထပ်ပြတ်တောက်ခဲ့

Google ဝန်ဆောင်မှုနဲ့ ဝက်ဘ်ဆိုက်တွေ ဖြစ်တဲ့ YouTube, Gmail, Google Assistant နဲ့ Google Docs တွေဟာ တနင်္လာနေ့မနက်မှာ ပြတ်တောက်သွားခဲ့ပါတယ်။ Google က ပြတ်တောက်မှုအတွင်း Google Maps, YouTube စတဲ့ဝန်ဆောင်မှုတွေကို ပုံမှန်အတိုင်း ဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ Google ကတော့ Gmail ပြဿနာကို အတိအလင်းပြောကြားခဲ့ပြီး သုံးစွဲသူတစ်ချို့မှာ ပြဿနာကြုံနေရတယ်လို့ ပြောခဲ့ပါတယ်။

အင်္ဂါနေ့မှာတော့ Gmail အီးမေးလ်ဝန်ဆောင်မှု သုံးစွဲသူတစ်ချို့ ကြုံနေရတဲ့ ပြဿနာတွေကို Google ကဖြေရှင်းပေးခဲ့ပါတယ်။ ဒါပေမယ့် နာရီအနည်းငယ်ကြာတဲ့အထိ သုံးစွဲသူတွေ အီးမေး အသုံးမပြုနိုင်ခဲ့ပါဘူး။ ပြောရရင်တော့ Gmail ဝန်ဆောင်မှုဟာ ၂ ရက်အတွင်း ဒုတိယအကြိမ် ဝန်ဆောင်မှု ပြတ်တောက်ခဲ့တာပါ။

Gmail သုံးစွဲသူတွေဟာ ဝန်ဆောင်မှုအတွင်း ပြတ်တောက်တာ၊ error မက်ဆေ့ဝင်တာနဲ့ မမျှော်လင့်တာတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ Gmail သုံးစွဲသူ ဘယ်လောက် ထိခိုက်ခဲ့လဲဆိုတာ မသိသေးပါဘူး။ DownDetector ဖော်ပြချက်အရ Gmail ပြဿနာနဲ့ပတ်သက်တဲ့ အစီရင်ခံမှု ၁၆,၀၀၀ ကျော်အထိ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

“Gmail ပြတ်တောက်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဖွဲ့တွေ ဆက်လက်စုံစမ်းနေပါတယ်။ ပြဿနာနဲ့ပတ်သက်တဲ့ သတင်းတွေ ထုတ်ပြန်ပေးပါမယ်” လို့ Google ကပြောခဲ့ပါတယ်။

စိုးထက်
Ref: BusinessInsider

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««