Gmail လိပ်စာနဲ့ Google Stadia အခမဲ့အသုံးပြုနိုင်

Google ရဲ့ဗီဒီယိုဂိမ်း platform ဖြစ်တဲ့ Stadia ကို Gmail လိပ်စာရှိသူ မည်သူမဆို အခမဲ့ကစားနိုင်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

Google Stadia ထောက်ပံ့ထားတဲ့ ဒေသအတွင်းက လူတွေပဲ အသုံးပြုနိုင်ပါမယ်။ Google ဟာ Stadia Pro ကို ၂ လအသုံးပြုနိုင်ကာ ဂိမ်း ၉ ခုကိုလည်း အခမဲ့ကစားနိုင်ပါမယ်။ Stadia Pro လစဉ်ကြေး ပေးသွင်းသူတွေအနေနဲ့ ဝန်ဆောင်မှုကို ၂ လ အခမဲ့ ထပ်မံအသုံးပြုနိုင်မယ်လို့ Google ကပြောကြားထားပါတယ်။

အရင်တုန်းက Google Stadia Premiere Edition ကို ၁၂၉ ဒေါ်လာနဲ့ ဝယ်ယူဖို့လိုပြီး အဲဒီ bundle မှာ Chromecast Ultra, ကြိုးမဲ့ Stadia ဂိမ်းခလုတ်နဲ့ Stadia Pro ဝန်ဆောင်မှုလည်း ပါဝင်လာပါတယ်။ Stadia Pro ဝန်ဆောင်မှုက HDR lighting နဲ့တစ်စက္ကန့် frame ၆၀ နဲ့ 4K ရုပ်ထွက်အရည်အသွေးရှိ ဗီဒီယိုကို ကြည့်နိုင်သလို ဂိမ်းလည်း ထောက်ပံ့ပေးထားပါတယ်။

ဧပြီ ၈ ရက်မှာတော့ Stadia အခြေခံဗားရှင်းကို အသုံးပြုလိုရင် Stadia ဝက်ဘ်ဆိုက်မှာ အခမဲ့စာရင်းသွင်းနိုင်ပါပြီ။ သုံးစွဲသူတွေက ဂိမ်းတွေကိုတော့ ဝယ်ယူရဦးမှာ ဖြစ်ပြီး PC, Chrome OS table, Google Pixel ဖုန်းနဲ့ အခြား Android ထုတ်ကုန်တွေမှာ ကစားနိုင်ပါတယ်။

စိုးထက်
Ref: Polygon