Gmail မှာ Google Meet ပါဝင်လာပြီ

Google ဟာ ပြီးခဲ့တဲ့လတွေမှာ Meet အသုံးပြုသူတွေ များပြားလာအောင် လုပ်ဆောင်ချက်အသစ်တွေ ဖြန့်ချိနေပါတယ်။ ကပ်ရောဂါကာလအတွင်းမှာလည်း လူတွေက ဗီဒီယိုခေါ်ဆိုမှုများစွာ ပြုလုပ်လာကြပါတယ်။

ဒါ့အပြင် Google က iOS နဲ့ Android အတွက် Gmail ထဲမှာ Google Meet ကိုထည့်သွင်းဖို့လည်း ကတိပြုထားပါတယ်။

အခုဆိုရင်တော့ Android အတွက် Gmail မှာတော့ Meet ကို ထည့်သွင်းပေးလိုက်ပါပြီ။ တစ်ပတ်အကြာမှာ iOS သုံးစွဲသူ အတွက်လည်း ဖြန့်ခဲ့ပါတယ်။

Gmail ရဲ့ Android app မှာ Meet ပါဝင်လာတာကြေင့် သုံးစွဲသူက အစည်းအဝေးအသစ် စတင်တာ၊ ဝင်တာတွေ ပြုလုပ်နိုင်ပါတယ်။ Gmail ထဲမှာ တစ်ပါတည်းပါဝင်တဲ့ Meet ကို ဖျောက်မယ်ဆိုရင် app settings ထဲက “Show the Meet tab for video calling” ကို untick လုပ်လိုက်ရုံပါပဲ။ အခုလုပ်ဆောင်ချက်ကို သုံးစွဲသူအားလုံးအတွက် ဖြန့်ချိထားပါတယ်။ G-Suite ဝန်ဆောင်မှု မယူထားတဲ့သူတွေကတော့ မိနစ် ၆၀ အထိပဲ ဗီဒီယိုခေါ်ဆိုနိုင်ပါမယ်။

စက်တင်ဘာ ၃၀ ကျမှပဲ စတင်သက်ရောက်ပါမယ်။

-စိုးထက်
Ref: Engadget