Gmail မွာ Twitter ပံုစံ @ mention feature ထည့္သြင္းလိုက္တဲ့ Google

[ Zawgyi ]

မၾကာေသးခင္က ဒီဇိုင္းေျပာင္းလဲထားတဲ့ Gmail ဗားရွင္းကို Google က မိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီ Gmail ဗားရွင္းသစ္မွာ သစ္လြင္တဲ့ user interface နဲ႔အတူ Smart Compose, Nudge နဲ႔ message အဝင္အတြက္ snooze ခလုတ္တစ္ခုစတဲ့ တီထြင္ဆန္းသစ္တဲ့ feature ေတြ ပါဝင္လာပါတယ္။

အခုအခါမွာလည္း Twitter လိုမ်ိဳး အျခားသူေတြကို mention လုပ္ႏုိင္မယ့္ feature တစ္ခုကို Google က Gmail မွာ ထည့္သြင္းလိုက္ပါတယ္။

Gmail မွာ message သစ္တစ္ေစာင္ ဒါမွမဟုတ္ reply တစ္ေစာင္ ေရးသားတဲ့အခါ @ သေကၤတနဲ႔အတူ နာမည္ကို ႐ိုက္ထည့္ၿပီး တစ္စံုတစ္ေယာက္ရဲ႕ အီးေမးလ္လိပ္စာကို body မွာ ထည့္သြင္းႏိုင္ပါတယ္။

ဥပမာအေနနဲ႔ @ သေကၤတကိုႏွိပ္ၿပီး တစ္စံုတစ္ေယာက္ရဲ႕ နာမည္အစ စာလံုးကို ေရးသားလိုက္တဲ့အခါမွာ ကိုယ့္ရဲ႕ contact list ထဲမွာရိွတဲ့ နာမည္ေတြ ေပၚလာမွာျဖစ္ပါတယ္။ အဲ့ဒီထဲက နာမည္တစ္ခုကို ေရြးလိုက္တဲ့အခါမွာ နာမည္နဲ႔အတူ mailto link တစ္ခုကို ေတြ႕ျမင္ရပါမယ္။ Message ကို လက္ခံရရိွသူက အဆိုပါ link ကို ႏွိပ္လိုက္တဲ့အခါမွာ သက္ဆိုင္ရာ contact ဆီ ေရးသားဖို႔အတြက္ compose window သစ္တစ္ခုေပၚလာမွာ ျဖစ္ပါတယ္။

ဒါဟာ တစ္စံုတစ္ေယာက္ကို အျခားသူနဲ႔မိတ္ဆက္ဖို႔ လိုအပ္တဲ့အခါမွာ အလြန္အသံုးတည့္ေစမယ့္ feature ျဖစ္ပါတယ္။

ဒါ့အျပင္ တစ္စံုတစ္ေယာက္ကို @ သေကၤတအစား + သေကၤတနဲ႔ mention လုပ္တဲ့အခါမွာေတာ့ အဆိုပါ contact ကို လက္ရိွ message ရဲ႕ လက္ခံသူေနရာမွာ အလိုအေလ်ာက္ ထည့္သြင္းေပးသြားမွာ ျဖစ္ပါတယ္။

ဒီ feature ႏွစ္မ်ိဳးစလံုးကို Gmail interface သစ္မွာ အသံုးျပဳႏိုင္ၿပီျဖစ္ပါတယ္။ Gmail ဗားရွင္းသစ္ကို မသံုးရေသးသူမ်ားအေနနဲ႔ Inbox ရဲ႕ ညာဘက္ထိပ္နားမွာရိွတဲ့ စက္သြား icon ကိုႏွိပ္ၿပီး option menu ထဲက Try the New Gmail ကိုႏွိပ္ကာ ေျပာင္းလဲအသံုးျပဳႏိုင္ပါတယ္။

-ေနာင္ေနာင္
Ref: TheNextWeb

=======

[ Unicode ]

Gmail မှာ Twitter ပုံစံ @ mention feature ထည့်သွင်းလိုက်တဲ့ Google

=======

မကြာသေးခင်က ဒီဇိုင်းပြောင်းလဲထားတဲ့ Gmail ဗားရှင်းကို Google က မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီ Gmail ဗားရှင်းသစ်မှာ သစ်လွင်တဲ့ user interface နဲ့အတူ Smart Compose, Nudge နဲ့ message အဝင်အတွက် snooze ခလုတ်တစ်ခုစတဲ့ တီထွင်ဆန်းသစ်တဲ့ feature တွေ ပါဝင်လာပါတယ်။

အခုအခါမှာလည်း Twitter လိုမျိုး အခြားသူတွေကို mention လုပ်နိုင်မယ့် feature တစ်ခုကို Google က Gmail မှာ ထည့်သွင်းလိုက်ပါတယ်။

Gmail မှာ message သစ်တစ်စောင် ဒါမှမဟုတ် reply တစ်စောင် ရေးသားတဲ့အခါ @ သင်္ကေတနဲ့အတူ နာမည်ကို ရိုက်ထည့်ပြီး တစ်စုံတစ်ယောက်ရဲ့ အီးမေးလ်လိပ်စာကို body မှာ ထည့်သွင်းနိုင်ပါတယ်။

ဥပမာအနေနဲ့ @ သင်္ကေတကိုနှိပ်ပြီး တစ်စုံတစ်ယောက်ရဲ့ နာမည်အစ စာလုံးကို ရေးသားလိုက်တဲ့အခါမှာ ကိုယ့်ရဲ့ contact list ထဲမှာရှိတဲ့ နာမည်တွေ ပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒီထဲက နာမည်တစ်ခုကို ရွေးလိုက်တဲ့အခါမှာ နာမည်နဲ့အတူ mailto link တစ်ခုကို တွေ့မြင်ရပါမယ်။ Message ကို လက်ခံရရှိသူက အဆိုပါ link ကို နှိပ်လိုက်တဲ့အခါမှာ သက်ဆိုင်ရာ contact ဆီ ရေးသားဖို့အတွက် compose window သစ်တစ်ခုပေါ်လာမှာ ဖြစ်ပါတယ်။

ဒါဟာ တစ်စုံတစ်ယောက်ကို အခြားသူနဲ့မိတ်ဆက်ဖို့ လိုအပ်တဲ့အခါမှာ အလွန်အသုံးတည့်စေမယ့် feature ဖြစ်ပါတယ်။

ဒါ့အပြင် တစ်စုံတစ်ယောက်ကို @ သင်္ကေတအစား + သင်္ကေတနဲ့ mention လုပ်တဲ့အခါမှာတော့ အဆိုပါ contact ကို လက်ရှိ message ရဲ့ လက်ခံသူနေရာမှာ အလိုအလျောက် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

ဒီ feature နှစ်မျိုးစလုံးကို Gmail interface သစ်မှာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Gmail ဗားရှင်းသစ်ကို မသုံးရသေးသူများအနေနဲ့ Inbox ရဲ့ ညာဘက်ထိပ်နားမှာရှိတဲ့ စက်သွား icon ကိုနှိပ်ပြီး option menu ထဲက Try the New Gmail ကိုနှိပ်ကာ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

-နောင်နောင်
Ref: TheNextWeb