Gmail ကိုပြန်လည် ဆန်းသစ်ထားသော 'Inbox' ကို Google မိတ်ဆက်

inbox.jpg

Google သည် Gmail ကိုပြန်လည် ဆန်းသစ်ထားသည့် Inbox ကို မိတ်ဆက်ပေးခဲ့ပြီး ၎င်း app ကို invitation ရရှိသည့် အခါမှသာ အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။

Gmail အဖွဲ့မှ ဖန်တီးထားသော Inbox သည် Google ၏အီးမေး ထုတ်ကုန်ကို သက်သောင့်သက်သာ အသုံးပြုနိုင်ရန်အတွက် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ၎င်း Inbox   အတွင်း ဆင်တူသည့်  message များကို စုစည်းပေးပြီး လေကြောင်းခရီးစဉ်နှင့် ဖြစ်ရပ်ဆိုင်ရာ သတင်းအချက်အလက်များကို အလိုအလျောက် ထင်ရှားအောင် ပြသပေးမည် ဖြစ်သည်။ Inbox ကဲ့သို့ပင် Apple နှင့် Dropbox ကုမ္ပဏီများက အွန်လိုင်းအတွင်း အချက်အလက်များကို လွယ်ကူစွာ ရှာဖွေနိုင်ရန် ရည်မှန်း၍ ၎င်းတို့၏ ထုတ်ကုန်များကို updat ပြုလုပ်ခြင်း သို့မဟုတ် ဖြန့်ချိခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါ Inbox app အတွင်းရှိ Assists ဟုခေါ်ဆိုသည့် အဓိက feature တွင် အီးမေးလ် အတွင်းသို့ ဝက်ဘ်ဆိုက်မှ real-time update များပြုလုပ် နိုင်မည်ဖြစ်သည်။ ထို့အပြင် ၎င်း feature သည် လေကြောင်းခရီးစဉ်များ ပါဝင်သည့် စာများတွင် မူလခရီးစဉ်ကို ပြသပေးကာ လေယာဉ်များ၏ လက်ရှိအခြေအနေကိုလည်း up-date ပြုလုပ်ပေးမည် ဖြစ်သည်။

အခြား Inbox feature အများစုမှာ Gmail သုံးစွဲသူများ ရင်းနှီးမှုရှိသည့် option များအပေါ် အခြေခံ၍ ဖန်တီးထားခြင်း ဖြစ်သည်။ Inbox သည်ပြေစာကဲ့သို့ ဆင်တူသည့် message များကို စုစည်းပေးပြီး ၎င်းတို့ကို swipe ပြုလုပ်ကာ ဖယ်ရှားနိုင်မည် ဖြစ်သည်။

-စိုးထက်
Ref : CNET