GLONASS GPS နည်းပညာ

GLONASS ဆိုတာကတော့ အခုနောက်ပိုင်းထွက်ရှိလာတဲ့ နည်းပညာမြင့် စမတ်ဖုန်းတွေမှာ GPS စနစ်နဲ့ တွဲဖက်အသုံးပြုလာတဲ့ Navigation စနစ်တစ်ခုပဲဖြစ်ပါတယ်။ GLONASS ကို Global Navigation Satellite System လို့လည်းဆိုပါတယ်။ GLONASS ကတော့ GPS ကို ရုရှားလိုခေါ်ဆိုတာဖြစ်ပြီး ရုရှားကနေ ဒီစနစ် အတွက် အာကာသမှာ လွှင့်တင်ထားတဲ့ ဂြိုဟ်တုရဲ့ နာမည်လည်းဖြစ်ပါတယ်။

GLONASS စနစ်က ရုရှားကနေ စတင်ဖန်တီးခဲ့တဲ့ Navigation စနစ်တစ်ခု ဖြစ်ပြီး GPS စနစ်ကတော့ အမေရိကန် ကနေ ဖန်တီးထားတဲ့ Navigation စနစ်ပဲဖြစ်ပါတယ်။ GPS ရဲ့ အရှည်ကတော့ Global Position System လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင် ရာတည်နေရာညွှန်ပြတဲ့စနစ်ပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ ကိုယ့်ရဲ့ တည်နေရာကို သိရှိနိုင်ဖို့အတွက် မိုဘိုင်းနက်ဝက်ခ်ပေါ်အခြေခံပြီး စမတ်ဖုန်းမှာပါဝင်တဲ့ GPS စနစ်ကနေ ထောက်လှမ်းရှာဖွေပေးတာ ဖြစ်ပါတယ်။ High-end နဲ့ တန်ဖိုးနည်း ဖုန်းတွေမှာလည်း ဒီစနစ်ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အခု GPS နဲ့ တွဲဖက်ဖန်တီး အသုံးပြုထားတဲ့ GLONASS နည်းပညာကိုတော့ နောက်ဆုံးပေါ် Flagship မော်ဒယ်နဲ့ နည်းပညာမြင့် High-end မော်ဒယ်စမတ်ဖုန်းတွေမှာ dual core location အခြေခံပြီး တည်နေရာကို အချိန်တိုအတွင်း ရှာဖွေပေးနိုင်ဖို့အတွက် အသုံးပြုတာ ဖြစ်ပါတယ်။ ပုံမှန် တည်နေရာရှာဖွေမှုကို စနစ်နှစ်ခုစလုံးကနေ တစ်ပြိုင်နက် ရှာဖွေဖော်ထုတ်အောင် ဖန်တီးထားတာလည်းဖြစ်ပါတယ်။

GLONASS စနစ်နဲ့ GPS စနစ်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ဘယ်သူက ပိုမိုအားသာတယ်ဆိုတာက ပြောရခက်နေပါသေးတယ်။ ဒါပေမဲ့ သူတို့နှစ်ခုကို အခုလို တွဲဖက်အသုံးပြုလိုက်တဲ့အခါမှာ ပုံမှန်ထက် ပိုမိုတိကျတဲ့ တည်နေရာကို ရှာဖွေပေးနိုင်မှာ ဖြစ်တဲ့အပြင် GLONASS စနစ်က ၂ မီတာအကွာအဝေးအတွင်းက တည်နေရာမှန်သမျှကို တိကျစွာနဲ့ ဖော်ပြပေးအောင် ထောက်ပံ့လုပ်ဆောင် ပေးမှာလည်းဖြစ်ပါတယ်။ အဲဒီလို တိုးမြှင့်လုပ်ဆောင်ပေးတဲ့အတွက် ကြီးမားတဲ့အဆောက်အအုံအတွင်း သို့မဟုတ် မြေအောက်ရထားပေါ်မှာတောင် မိမိရဲ့ တည်နေရာကို ထောက်လှမ်းရှာဖွေသိရှိနိုင်မှာ ဖြစ်ပါတယ်။