Global UGRAD ပညာသင်ဆုအကြောင်း ဆွေးနွေးပွဲပြုလုပ်မည်

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆု အစီအစဉ် (Global UGRAD) အကြောင်း ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၄ နာရီမှ ၅ နာရီထိ Zoom နဲ့ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးဟောပြောပွဲမှာ ပညာသင်ဆုအစီအစဉ်အကြောင်း အသေးစိတ်ဆွေးနွေးကြမှာ ဖြစ်ပြီး ပညာတော်သင်အစီအစဉ်ကနေ ပြန်လာပြီးကြသူတွေကလည်း သူတို့ရဲ့ အတွေ့အကြုံတွေမျှဝေပေးမှာ ဖြစ်ပါတယ်။ Zoom ဆွေးနွေးပွဲအတွက် အများဆုံး လက်ခံနိုင်တဲ့ လူဦးရေ (၃၀၀) မပြည့်မချင်း အရင်ဆုံး စာရင်းပေးသွင်းသူတွေက Zoom ထဲကိုဝင်ရမယ့် အချက်အလက်တွေကို ဦးရာလူစနစ်နဲ့ လက်ခံရရှိမှာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆု အစီအစဉ်ဟာ အခွင့်အလမ်းနည်းပါးတဲ့ လူမှုအသိုက်အဝန်းတွေက ကျောင်းသူ၊ ကျောင်းသားတွေကို အမေရိကန်ယဉ်ကျေးမှုနဲ့ စံတန်ဖိုးတွေကိုလေ့လာရင်း သူတို့ရဲ့ ခေါင်းဆောင်မှုအရည်အသွေး၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနဲ့ လူမှုရေးလုပ်ငန်းဆောင်ရွက်လိုတဲ့ စိတ်ဓာတ်တွေ ပိုမို အားကောင်းလာစေဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ တက္ကသိုလ် ဒါမှမဟုတ် ကောလိပ် တစ်ခုခုမှာ semester တစ်ခုစာ သွားရောက် ပညာသင်ဖို့ ပံ့ပိုးပေးတဲ့အစီအစဉ် ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ https://bit.ly/38mG0kq မှာ ကြိုတင်စာရင်းသွင်းရမှာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««