Global Technology Company နှင့် Zoom တို့ ပူးပေါင်း

Global Technology Company (GlobalNet) နဲ့ Zoom Video Communications, Inc ရဲ့ Zoom (NASDAQ:ZM) Full suite of solutions တို့အနေနဲ့ တရားဝင် ပူးပေါင်းလိုက်တယ်လို့ သိရပါတယ်။

Zoom နဲ့ ပူးပေါင်းမှုအသစ်မှာ နည်းပညာပိုင်းတွင် ဦးဆောင်နေသော Zoom ရဲ့ product suite အစုံကို မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ဝင်ရောက်လာစေသော ပထမဆုံး အခွင့်အလမ်းဖြစ်ကြောင်း အဆိုပါအစီအစဉ် မှတစ်ဆင့် Global Technology ရဲ့ မိတ်ဖက်တွေဖြစ်တဲ့ Zoom ရဲ့ video- first unified communications solutions အပါအဝင် Zoom Meetings, Zoom Rooms နဲ့ Zoom Webinars တို့အတွက်ပါ access ရရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

“Zoom ဟာ မြန်မာနိုင်ငံအတွက် လုံးဝ မရှိမဖြစ်လိုအပ်သော အရေးပါတဲ့ ခေတ်မီဆက်သွယ်ရေးပလက်ဖောင်း ဖြစ်ပါတယ်။ ဗီဒီယိုဆက်သွယ်ရေးဈေးကွက်မှာ ဦးဆောင်နေတဲ့ Zoom နဲ့ ယခုလက်ရှိ ကျွန်ုပ်တို့လုပ်ငန်းစု ပူးပေါင်းမှု အတွက် အလွန်စိတ်လှုပ်ရှားနေပါတယ်” လို့ Global Technology Group ရဲ့ Co-Founder နဲ့ Chairman ဖြစ်သူ ဦးရှိန်းသူအောင်က ပြောပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««