Global Technology Co.,Ltd သို႔ MCC ႏွင့္ MNC နံပါတ္မ်ား သတ္မွတ္ေပးႏိုင္ေရး အမ်ားျပည္သူသေဘာထား ေတာင္းခံ

[ Zawgyi ]

Global Technology Co.,Ltd ကို MCC နဲ႔ MNC နံပါတ္ေတြ သတ္မွတ္ေပးႏိုင္ေရးအတြက္ အမ်ားျပည္သူသေဘာထား ေတာင္းခံထားေၾကာင္း ေတြ႔ရပါတယ္။

2600 MHz လိႈင္းႏႈန္းစဥ္လိုင္စင္ရရွိတဲ့ Global Technology Co.,Ltd မွ LTE နည္းပညာနဲ႔ အင္တာနက္ ဝန္ေဆာင္မႈေပးရာမွာ တည္ေဆာက္မယ့္ Network မွာ Authentication Process အတြက္ အသုံးျပဳဖို႔ လိုအပ္ေနတဲ့ Mobile Country Code ( MCC ) နဲ႔ Mobile Network Code ( MNC ) နံပါတ္ေတြ အသုံးျပဳခြင့္ ေလၽွာက္ထားေၾကာင္း သိရပါတယ္။ ဆက္သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာနအေနနဲ႔ Global Technology Co.,Ltd သို႔ MCC – 414 နဲ႔ MNC – 23 သတ္မွတ္ေပးရာမွာ ဆက္သြယ္ေရးနံပါတ္ဆိုင္ရာ နည္းဥပေဒ အခန္း ( ၃ ) ၊ အပိုဒ္ ( ၁၂ ) ( စ ) ပါျပ႒ာန္းခ်က္ေတြနဲ႔အညီ စိတ္ပါဝင္စားသူေတြရဲ႕ သေဘာထားကိုပါ ထည့္သြင္း စဥ္းစားႏိုင္ဖို႔အတြက္ အမ်ားျပည္သူသေဘာထား ေတာင္းခံထားတာျဖစ္ပါတယ္။

ဆက္သြယ္ေရး ၫႊန္ၾကားမႈဦးစီးဌာန၊ [email protected], [email protected] တို႔ကို ၃၁ – ၅ – ၂၀၁၈ ရက္ ေနာက္ဆုံးထား ေပးပို႔ႏိုင္မွာျဖစ္ပါတယ္။

-ထြန္းထြန္း

==============

[ Unicode ]

Global Technology Co.,Ltd သို့ MCC နှင့် MNC နံပါတ်များ သတ်မှတ်ပေးနိုင်ရေး အများပြည်သူသဘောထား တောင်းခံ

==============

Global Technology Co.,Ltd ကို MCC နဲ့ MNC နံပါတ်တွေ သတ်မှတ်ပေးနိုင်ရေးအတွက် အများပြည်သူသဘောထား တောင်းခံထားကြောင်း တွေ့ရပါတယ်။

2600 MHz လှိုင်းနှုန်းစဉ်လိုင်စင်ရရှိတဲ့ Global Technology Co.,Ltd မှ LTE နည်းပညာနဲ့ အင်တာနက် ဝန်ဆောင်မှုပေးရာမှာ တည်ဆောက်မယ့် Network မှာ Authentication Process အတွက် အသုံးပြုဖို့ လိုအပ်နေတဲ့ Mobile Country Code ( MCC ) နဲ့ Mobile Network Code ( MNC ) နံပါတ်တွေ အသုံးပြုခွင့် လျှောက်ထားကြောင်း သိရပါတယ်။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ Global Technology Co.,Ltd သို့ MCC – 414 နဲ့ MNC – 23 သတ်မှတ်ပေးရာမှာ ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေ အခန်း ( ၃ ) ၊ အပိုဒ် ( ၁၂ ) ( စ ) ပါပြဋ္ဌာန်းချက်တွေနဲ့အညီ စိတ်ပါဝင်စားသူတွေရဲ့ သဘောထားကိုပါ ထည့်သွင်း စဉ်းစားနိုင်ဖို့အတွက် အများပြည်သူသဘောထား တောင်းခံထားတာဖြစ်ပါတယ်။

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ [email protected], [email protected] တို့ကို ၃၁ – ၅ – ၂၀၁၈ ရက် နောက်ဆုံးထား ပေးပို့နိုင်မှာဖြစ်ပါတယ်။

-ထွန်းထွန်း