Global MBA သင်တန်းအတွက် လျှောက်လွှာခေါ်ယူ

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းခွင်မှ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြင့်မားရေး၊ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ရေးတို့အတွက် ရည်ရွယ်လျက် စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ သင်တန်း (Global MBA) အတွက် လျှောက်လွှာတွေခေါ်ယူနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကို ကုန်သည်စက်မှုအသင်းချုပ်နဲ့ ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) တို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိပြီး ယခု Global MBA (Batch-14) သင်တန်းကိုတော့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ အသင်းချုပ်မှာ သင်ကြားပို့ချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Global MBA သင်တန်းလျှောက်ထားလိုသူတွေ အနေနဲ့ ဒီဇင်ဘာ ၂ ရက်အထိ၊ ရုံးချိန်အတွင်း နောက်ဆုံးထား လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ သင်တန်းနဲ့ပတ်သက်တဲ့ အချက်အလက် (Program Outline) နဲ့ လျှောက်လွှာပုံစံ (Application Form) ကို https://bit.ly/2rFVjTv မှာ လေ့လာနိုင်မှာဖြစ်ပါတယ်။

တက်ရောက်လိုတွေအနေနဲ့ အသင်းချုပ် HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄- ၄၉ (Ext:၁၃၃၊၁၄၄)၊ ၀၁-၂၃၀၂၄၈၅ နဲ့ ၀၉-၆၉၉၄၁၉၃၈၃ ကို ဆက်သွယ်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-ဝေဝေ