Global Liberalism Fellowship (Batch-2) ဖွင့်မည်

Global Liberalism Fellowship (Batch-2) ကို ၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက်တွင် Panna Online School မှာ ပြန်လည်တက်ရောက်နိုင်တော့မှာဖြစ်ပါတယ်။

သင်တန်းကို Paññā Institute နဲ့ Friedrich Naumann Foundation Myanmar(FNF Myanmar) တို့ ပူးပေါင်းပြီးတော့ Online Fellowship Program တစ်ခုအနေနဲ့ ဒီမိုကရေစီ နည်းကျ နိုင်ငံရေး၊ လစ်ဘရယ်တန်ဖိုးနဲ့ သုတေသနပညာရပ်တွေကို ကမ္ဘာလုံးဆိုင်ရာ ရှုမြင်သုံးသပ်ချက်တွေနဲ့အတူ သင်ကြားရမှာဖြစ်ပါတယ်။

နိုင်ငံတကာ တက္ကသိုလ်တွေမှာ သင်ကြားတဲ့ နည်းစနစ်တွေအတိုင်း အဓိက အပိုင်း(၂) ပိုင်းခွဲပြီး လေ့လာသင်ယူ ရင်း ကိုယ်တိုင်လုပ်ဆောင် သွားရမှာဖြစ်ပါတယ်။

လေ့လာရမယ့် ခေါင်းစဉ်တွေကတော့ အမေရိကန်၊ ပြင်သစ်တော်လှန်ရေး၊ လွတ်လပ်မှုဖြစ်စဉ်နဲ့ သမိုင်းကြောင်းဆိုင်ရာတွေ၊ လစ်ဘရယ်ဝါဒ၊ လူမျိုးရေးဝါဒ၊ မာတ်စ်ဝါဒ၊ ဖက်ဆစ်ဝါဒနဲ့ ကိုလိုနီဝါဒဆိုင်ရာတွေရဲ့ သဘောသဘာဝ တွေ၊ လစ်ဘရယ်ဆိုင်ရာရွေးချယ်မှုစနစ်တွေနဲ့ ခေတ်ပြိုင်လစ်ဘရယ် ဒီဘိတ်တွေ၊ လစ်ဘရယ်ဒီမိုကရေစီနဲ့ အခြေခံစည်းမျဉ်းတွေ ကို လေ့လာရမှာ ဖြစ်ပြီး (၁၂) ပတ်တာကာလ သင်ကြားမှုအားလုံးကို အွန်လိုင်းကနေ ပို့ချသွားမှာဖြစ်ပါတယ်။

သင်တန်းသားတွေ အနေနဲ့ လစ်ဘရယ် သီအိုရီပိုင်းဆိုင်ရာ သင်ခန်းစာတွေကို တစ်ပတ်ချင်းစီ လေ့လာပြီးတဲ့ နောက်မှာတော့ ဒီသင်ခန်းစာနဲ့ပတ်သက်တဲ့ မေးခွန်းတိုတွေနဲ့ အဖြေမှန်ရွေးတာတွေကိုလည်း တစ်ပတ်ချင်းစီအလိုက် ပြန်လည် ဖြေဆိုမှုတွေ ပြုလုပ်ပေးရမှာပါ။

သီအိုရီပိုင်းအပြီးမှာတော့ “Global Liberalism Fellows” အပေါ်မှာ အခြေတည်ထားတဲ့ Research Essay တစ်စောင်ရေးသားရမှာ ဖြစ်တာကြောင့်မို့လို့ အရမ်းကြီးလေးပင်မနေစေတဲ့ သင်ကြားမှုကိုသာ အခြေပြု ထားတာဖြစ်ပါတယ်။

သင်ကြားရာမှာ အသုံးပြုရမယ့် ဘာသာရပ်ကတော့ အင်္ဂလိပ်စာကို သာ အခြေပြုပြီးသင်ကြားမှာ ဖြစ်တာကြောင့် သင်တန်းတက်ရသူ တွေရဲ့ ဘာသာစကားတိုးတက်မှုကိုလည်း အထောက်အကူ ဖြစ်စေမှာပါ။

သင်တန်းကြေးကတော့ Liberal Theories and Capstone Research အတွက် ၃၅၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ https://bit.ly/36XoB0k မှာ Sign Up ပြုလုပ်ရမှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ အသေးစိတ်ကို ဖုန်း – ၀၉၇၇၇၇၃၁၃၂၇၊ ၀၉၇၉၇၃၁၄၉၇၃ နဲ့ [email protected] ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ