Global English Course (2/2020) သင်တန်းရွှေ့ဆိုင်း

ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန မှ နှစ်စဥ် ဖွင့်လှစ်လျက်ရှိတဲ့ Global English Course (2/2020) သင်တန်းကို ရွှေ့ဆိုင်းလိုက်တယ်လို့ National Centre for English Language မှ သိရပါတယ်။

“အကြောင်းကြောင်းကြောင့် Global English Course (2/2020) အတန်းကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ကြေညာထားတဲ့ ဝင်ခွင့်ခေါ်ယူခြင်း တွေကို ရွှေ့ဆိုင်းလိုက်တာပါ။ သင်တန်းတွေပြန်လည်ဖွင့်လှစ်မယ့် ရက်ကို ပြန်လည်ကြေညာသွားမှာပါလို့” NCEL ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Global English Course ဟာ ဝင်ခွင့်ကို နှစ်စဥ် အွန်လိုင်းမှ တစ်ဆင့်ခေါ်ယူလေ့ရှိပြီး တစ်နှစ်လျှင်သုံးကြိမ်ခန့် ခေါ်ယူလေ့ရှိပါတယ်။ ဝင်ခွင့်ရရှိသူတွေဟာ Level ငါးခုကို တက်ရောက်ရမှာ ဖြစ်ပြီး Basic, Intermediate, Upper Intermediate, Advanced I နဲ့ Advanced II တို့ပဲဖြစ်ပါတယ်။ Level ငါးခုပြီးမှသာ Diploma ရရှိမှာဖြစ်ပြီး Level တစ်ခုကို ၃ လခန့်ကြာမြင့်ပါတယ်။

သင်တန်းကိုတော့ ရန်ကုန်တက္ကသိုလ်ရှိ ပင်လုံဆောင်မှာ တက်ရောက်ရတာ ဖြစ်ပါတယ်။

-သန္တာ