Global English Course (1/2020) လျှောက်လွှာခေါ်ယူမည်

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်နဲ့ အင်္ဂလိပ်ဘာသာစကားအမျိုးသားဗဟိုဌာနနဲ့ ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတို့ ပူးပေါင်းဖွင့်လှစ်တဲ့ Global English Course (1/2020) အတွက် လျှောက်လွှာခေါ်ယူမှာ ဖြစ်ပါတယ်။

Basic Level တက်ရောက်လိုသူတွေ အနေနဲ့ ဒီဇင်ဘာ ၈ ရက်၊ နံနက် ၉ နာရီမှာ register.ncel.edu.mm မှတစ်ဆင့် လျှောက်ထားရမှာဖြစ်ပါတယ်။ သင်တန်းချိန်တွေ အနေနဲ့ Weekday – တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (နံနက် ၇ နာရီမှ ၉ နာရီအထိ) ၊ Weekend 1 – စနေနဲ့တနင်္ဂနွေ ( နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ)၊ Weekend 2 – စနေနဲ့တနင်္ဂနွေ ( နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ) သုံးမျိုးရွေးချယ်တက်ရောက်နိုင်ပါတယ်။ တက်ရောက်ခွင့်ရသူတွေကို ဒီဇင်ဘာ ၁၁ ရက်၊ နံနက် ၉ နာရီမှာ result.ncel.edu.mm တွင် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

တက်ရောက်ခွင့်ရရှိသူတွေဟာ ဒီဇင်ဘာ ၁၃ ရက်၊ ရန်ကုန်တက္ကသိုလ်၊ ပင်လုံဆောင် မှာ လူကိုယ်တိုင် လာရောက် သင်တန်းကြေးပေးသွင်းရမှာဖြစ်ပါတယ်။ ကျန် Level တွေကို တက်ရောက်မယ့်သူတွေအနေနဲ့ Advanced Level ကို ဒီဇင်ဘာ ၉ ရက် မှာလည်းကောင်း၊ Advanced Level I ကို ဒီဇင်ဘာ ၁၀ ရက်မှာလည်းကောင်း၊ Upper-Intermediate Level ကို ဒီဇင်ဘာ ၁၁ ရက် ရက်မှာလည်းကောင်း၊ Intermediate Level ကို ဒီဇင်ဘာ ၁၂ ရက် မှာ လည်းကောင်း နံနက် ၉ နာရီ မှ နေ့လယ် ၂ နာရီအထိ ရန်ကုန်တက္ကသိုလ်၊ ပင်လုံဆောင် ( Judson Church နှင့်ကပ်လျက်) မှာ သင်တန်းကြေးပေးသွင်းရမှာဖြစ်ပါတယ်။

သင်တန်းကာက ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၃ ရက်အထိ ၃ လ ကြာမြင့်မှာဖြစ်ပြီး မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက် နိုင်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၀၉-၂၅၁၂၀၀၃၈၄ နဲ့ ၀၉-၉၅၅၃၂၉၁၀၈ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ