Global English Course မှ ဘွဲ့လွန်ဒီပလိုမာ သင်တန်းအကြောင်း သိကောင်းစရာ

Global English Course မှ ဘွဲ့လွန် ဒီပလိုမာသင်တန်းကတော့ Level ၅ ခု တက်ရမှာဖြစ်ပြီး Basic Level, Intermediate Level, Upper Intermediate Level, Advanced Level I, Advanced Level II တို့ဖြစ်ပါတယ်။ Level တစ်ခုစီကို (၁၂) ပတ် ကြာမြင့်မှာဖြစ်ပြီး Level (၅) ခုလုံးပြီးသွားရင် Diploma in English ကို ချီးမြှင့်မှာပါ။ သင်တန်းတစ်ခုလုံးပြီးဖို့ (၁) နှစ်ခွဲမှ (၂) နှစ်အတွင်း ကြာမြင့်မှာဖြစ်ပါတယ်။ ယခုလက်ရှိ သင်တန်းကြေးက Level တစ်ခုစီအတွက် ကျပ် ၅၀ဝဝဝ (ငါးသောင်းကျပ်) ဖြစ်ပါတယ်။

Level တစ်ခုပြီး Certificate ထုတ်ပေးမှာ မဟုတ်ပါဘူး။ ထောက်ခံစာ လိုချင်သူတွေကို ထောက်ခံစာ ထုတ်ပေးမှာဖြစ်ပါတယ်။ တက်ရောက်မယ့် ကျောင်းသားကျောင်းသူအားလုံး အနေနဲ့ Level တွေကို ဖြတ်တက်လို့ မရပါဘူးBasic Level ကနေပဲ စ တင်တက်ရောက်ရမှာပါ။ သင်တန်းတက်ရောက်ဖို့အတွက် ဝင်ခွင့်ဖြေဆိုခြင်း မပြုလုပ်ရပါ။ Online မှ လျှောက်လွှာ တင်ပြီးသွားပါက တက်ရောက်ခွင့်ရသူများကို Online မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။

ရွေးချယ်တက်ရောက်နိုင်တဲ့ သင်တန်းအချိန်များ

သင်တန်း တက်ရောက်နိုင် တဲ့အချိန် (၃) ချိန်ရှိပါတယ်။ မိမိတက်လိုတဲ့ အချိန်ကိုရွေးချယ်ပြီး လျှောက်ထားရမှာဖြစ်ပါတယ်။

– Weekday (WD) – တနင်္လာ၊  ဗုဒ္ဓဟူး၊ သောကြာ (နံနက် ရ နာရီမှ ၉နာရီ)
– Weekend (WE 1) – စနေ၊ တနင်္ဂနွေ၊ (နံနက် ၉နာရီမှ ၁၂ နာရီ)
– Weekend (WE 2) – စနေ၊ တနင်္ဂနွေ (နေ့လယ် ၁ နာရီမှ ၄ နာရီ)

ကျောင်းသားဟောင်းတွေအတွက်

ကျောင်းသားဟောင်းတွေအနေနဲ့ Online က လျှောက်ဖို့မလိုပါဘူး။ မိမိရပ်နားထားတဲ့ Level နှစ်၊ လတို့ကိုပြောပြီး မိမိကျောင်းသားကတ်ကိုပြကာ ကျောင်းပြန်တက်လို့ ရပါတယ်။

လျှောက်ထားရမယ့် အချိန်၊ နေ့ရက်၊ နာရီ

အွန်လိုင်းမှ လျှောက်ထားရမယ့်ရက်ကို ကြေးမုံသတင်းစာ၊ National Centre for English Language ရဲ Facebook page နဲ့ NCEL ရဲ့ Webpage ဖြစ်တဲ့ https://register.ncel.edu.mm မှာ ကြေညာပေးပါတယ်။ လျှောက်လွှာကို သတ်မှတ်တဲ့ ရက်၊ သတ်မှတ်တဲ့အချိန်မှာပဲ လျှောက်ရပါမယ်။ ကြိုတင် လျှောက်ထားလို့ မရပါဘူး။ လျှောက်ထားရမယ့်အချိန်ကျမှသာလျှင် https://register.ncel.
edu.mm မှာ Register လုပ်ရမှာ ဖြစ်ပါတယ်။

Online မှာ လျှောက်လွှာတင်ဖို့ သတ်မှတ်ထားတဲ့ရက်၊ သတ်မှတ်ထားတဲ့ အချိန်မှာ Register လုပ်တဲ့ Icon ပေါ်လာမှာပါ။ အဲဒီအခါ Register ကိုနှိပ်လိုက်ရင် Online မှ လျှောက်ရမယ့်ပုံစံ ပေါ်လာပါမယ်။ အဲဒီထဲမှာ WD, WE 1, WE 2 ဆိုပြီး ရွေးချယ်စရာ (၃) ခုကို ရွေးရမယ့် Button က တစ်ဆင့် ရွေးချယ်လျှောက်ထား နိုင်ပါတယ်။

Online မှ ရွေးထားပြီးဖြစ်တဲ့ Session ကို ကျောင်းအပ်တဲ့အခါ ပြောင်းအပ်လို့မရပါဘူး။ ဒါကြောင့် လျှောက်ထားရာမှာ WD, WE 1, WE 2 တို့ကိုသေချာ ရွေးချယ်ဖို့ လိုအပ်ပါတယ်။
Form ဖြည့်ရာမှာအမည်၊ အဖအမည်၊ မှတ်ပုံတင်၊ မွေး သက္ကရာဇ်၊ အလုပ်အကိုင်၊ နေရပ် လိပ်စာ၊ အီးမေးလ် လိပ်စာ၊ ဘွဲ့အမည်တွေကို အင်္ဂလိပ်လို ဖြည့်စွက်ရမှာပါ။

BasicLevel ကျောင်းသား လက်ခံရာမှာ လူဦးရေက တသမတ်တည်း မရှိပါဘူး။ လက်ရှိ Intermediate, Upper Inter-mediate, Advanced Level I, Advanced Level II တက်နေတဲ့ ကျောင်းသားဦးရေကို တွက်ဆပြီးမှ ဆရာလုံလောက်မှု၊ အခန်းလုံလောက်မှု အရလက်ခံတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Global English Course (2/2019) မှာတော့ (၄၀ဝ) ကျော် လက်ခံခဲ့ပါတယ်။

ကျောင်းအပ်တဲ့အခါ Basic Level ဆိုရင်တော့ လူကိုယ်တိုင် လာရပါမယ်။ အခြား Level တွေဆိုရင်တော့ ကျောင်းအပ်ရာ မှာ လိုအပ်တဲ့ အချက်အလက်အပြည့်အစုံပါရင် လူစားအပ်လို့လည်း ရပါတယ်။

လိုအပ်ချက်များ

ကျောင်းအပ်တဲ့အခါ လိုအပ်တဲ့ အချက်အလက်တွေကတော့ ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင်၊ ဓာတ်ပုံ (၄)ပုံဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းကတ်မူရင်းနှင့် မိတ္တူ၊ သက်ဆိုင်ရာ ကျောင်း၊
ရုံး၊ ဌာနမှ တာဝန်ခံ အကြီးအကဲ၏ သင်တန်းတက် ရောက်ခွင့်ပြုစာတို့ ဖြစ်ပါတယ်။

ဘယ်လိုရွေးချယ် စိစစ်သလဲ

Online မှာရောက်ရှိလာတဲ့ Form တွေကို အချက်အလက် ပြည့်စုံပြီး အစောဆုံးရောက်တဲ့ Form တွေကို အစီအစဉ်အတိုင်းလက်ခံပါတယ်။ တက်ရောက်ခွင့်ပြုနိုင်တဲ့ ကျောင်းသားအရေ
အတွက်ကို လျှောက်လွှာ ပိတ်ပြီး (၂) ရက်၊ (၃) ရက် ကြာရင် Online မှာပဲ ထုတ်ပြန် ကြေညာပြီး ကျောင်းအပ်စေပါတယ်။ ကျောင်းအပ်တဲ့ နေ့ ညနေပိုင်းမှာပဲ ကျောင်းလာအပ်တဲ့ ဦးရေပေါ်မူတည်ပြီး Waiting List ကို တပါတည်း ကြေညာပေးပါတယ်။

လက်ခံနိုင်တဲ့ ကျောင်းသား ဦးရေပေါ်မှာ မူတည်ပြီး (၁၀)မိနစ် (၁၅) မိနစ်လောက်ဖွင့်ပြီးရင် form ပြန်ပိတ်ပါတယ်။ တစ်စက္ကန့်မှာ လျှောက်လွှာ (၃၊၄) ခုလောက် ဝင်တာကြောင့် (၁၅) မိနစ်ဆိုရင်
လျှောက်လွှာ (၅၀ဝဝ) ကျော် (၆၀ဝဝ) လောက်ဝင်နေပါတယ်။ ဒါ့ကြောင့် အင်တာနက်လိုင်းကြပ်တဲ့အတွက် လျှောက်လွှာတင်လို့မရတာ ဖြစ်တတ်ပါတယ်။ လျှောက်လွှာတင်နိုင်ဖို့ အင်တာ
နက်လိုင်း ကောင်းဖို့တော့လိုပါတယ်။

– National Center For English Language ဝက်ဘ်ဆိုက်မှ ကောက်နှုတ်ဖော်ပြပါသည်။

-သန္တာ