Global Education Fair 2019 ကျင်းပမည်

Study Abroad Information Centre မှ Global Education Fair 2019 ကို စက်တင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ Novotel Hotel, Pyay Conference Room,Yangon (Level 4) မှာလည်းကောင်း၊ စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ STUDY ABROAD မန္တလေးရုံးခန်းမှာလည်းကောင်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ ပညာရေးပြပွဲမှာ UK, USA, Australia, Switzerland,New Zealand, Singapore, Netherlands, Ireland, Canada အစရှိတဲ့ နိုင်ငံတွေက တက္ကသိုလ်ကြီးတွေ ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ မြန်မာ ၁၀ တန်း, American High School Diploma, IGCSE, GCE “O” Level, GCE “A” Level, IB အောင်မြင်ပြီးသူတွေအတွက် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ ကွာခြားချက်များ အကြောင်းနဲ့ ပညာသင်ဆုဆိုင်ရာ အချက်အလက်များ၊ NCC, HND တက်ရောက်နေသူတွေအတွက် ဘာသာရပ်ကင်းလွတ်ခွင့်ဆိုင်ရာ လမ်းကြောင်းများ၊ မြန်မာနိုင်ငံမှ BA, BSc, BBM, BCom, BCSc ဘွဲ့ရများအတွက် နိုင်ငံ (၁၀) နိုင်ငံမှာ ဆက်လက် ပညာသင်ယူရန် ဘွဲ့လွန်ပညာရပ်များနဲ့စပ်လျဉ်းြပီး ဆွေးနွေးတိုင်ပင်နိုင်ခွင့်၊ AGTI, BTech, BE တို့ရဲ့ အင်ဂျင်နီယာ ဘာသာရပ်များအတွက် ဘာသာရပ် ကင်းလွတ်ခွင့်နဲ့ ဘွဲလွန်ဒီဂရီလမ်းကြောင်းများအကြောင်း၊ MBBS နဲ့ BPharm ဘွဲ့ရများအတွက် ဘွဲလွန်ဒီဂရီ ဆေးပညာရပ်ဆိုင်ရာ ဘာသာရပ်ရွေးချယ်မှုတွေအကြောင်း၊ Hotel & Tourism ဘာသာ ရပ်အတွက် လက်တွေ့ Internship နဲ့ ကျောင်းပြီး အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း၊ စီးပွားရေး ဘာသာရပ်ကို ပြည်တွင်းမှာတက်ရောက်ပြီး နောက်ဆုံးနှစ်မှ မိမိ နှစ်သက်ရာနိုင်ငံကို ပြောင်းရွှေ့ တက်ရောက်ရန် လမ်းကြောင်းတွေအကြောင်းကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ STUDY ABROAD Information Centre (ရန်ကုန်ရုံး) ဖုန်း (၀၉) ၅၁၅၁ ၀၀၈၊ (၀၉) ၇၃၂၄၂၄၀၄ နဲ့ မန္တလေးရုံး ၊ အမှတ် (၃၂၆) ၊၆၂လမ်း၊ ၂၉ လမ်းနှင့် လမ်း၃ဝ ကြား၊ (ဝေပုလ္လာရာမ၊ မက္ခရာတိုက်အနောက် ပေါက်နှင့် မျက်နှာချင်းဆိုင်) မန္တလေးမြို့၊ ဖုန်း (၀၉) ၄၂၀၀ ၉၉၉၉ ၇ ကို စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ