GitHub ကုိ Microsoft ဝယ္ယူ

[ Zawgyi ]

Microsoft ဟာ software development platform တစ္ခုျဖစ္တဲ့ GitHub ကိုဝယ္ယူလုိက္တယ္လို႔ Bloomberg ကေဖာ္ျပခဲ့ၿပီး သေဘာတူညီခ်က္ေတြကို မၾကာမီ ထုတ္ျပန္မယ္လို႔ သိရပါတယ္။

GitHub ဆိုတာ နာမည္ေက်ာ္ Git source management စနစ္အသုံးျပဳထားတဲ့ cloud အတြင္းမွာ developer ေတြရဲ႕ ကိုယ္ပုိင္ code ေတြကို host လုပ္ႏိုင္တဲ့ အြန္လိုင္းဝန္ေဆာင္မႈတစ္ခု ျဖစ္ပါတယ္။ ၂၀၀၅ ခုႏွစ္ အတြင္းမွာ Linus တည္ေထာင္သူ Linus Torvalds ကဖန္တီးခဲ့တာ ျဖစ္ပါတယ္။

GitHub ကို open source project ေတြရဲ႕ အဓိကေနရာတစ္ခုအျဖစ္ အသုံးျပဳသလို ကုမၸဏီေတြအတြင္းက developer ေတြကို သီးသန္႔ software ပူးေပါင္းဖန္တီးေနတဲ့အခါမွာလည္း အသုံးခ်ပါတယ္။

GitHub ကုမၸဏီတန္ဖိုးဟာ ၂၀၁၅ ခုႏွစ္မွာ ေဒၚလာ၂ သန္းရွိပါတယ္။ ဒါေပမဲ့ Microsoft အေနနဲ႔ Github အတြက္ ဘယ္ေလာက္ေပးေခ်ခဲ့ရတယ္ဆိုတာ မသိရေသးပါဘူး။ GitHub မွာဦးေဆာင္ေနတဲ့ အမႈေဆာင္အရာရွိခ်ဳပ္ မရွိသလို ေငြေၾကးျပႆနာေတြရွိေနေပမယ့္လည္း development က႑အတြင္းမွာ အေရးပါတဲ့အခန္းက႑ကို ရယူထားပါတယ္။

Microsoft က Github ကုိဝယ္ယူလိုက္တဲ့အတြက္ ကုမၸဏီေခါင္းေဆာင္ပုိင္းကို ေရြးခ်ယ္လာႏိုင္မယ္လုိ႔ Bloomberg ကေဖာ္ျပခဲ့ပါတယ္။ Microsoft ဘုတ္အဖြဲ႕ဟာ ကုမၸဏီရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ ဆတ္ရာနာဒယ္လာရဲ႕ စြမ္းေဆာင္ရည္နဲ႔ ဦးေဆာင္ႏိုင္စြမ္းကို အေျခခံၿပီး Github ေခါင္းေဆာင္ကုိ ေရြးခ်ယ္ဖြယ္ရွိပါတယ္။ နာဒယ္လာဟာ Microsoft ကိုအဆင့္တစ္ခုေရာက္ေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။

Microsoft ဟာ နာဒယ္လာရဲ႕ ေခါင္းေဆာင္မႈေအာက္မွာ open source လက္ခံယုံၾကည္ၿပီး လြတ္လပ္တဲ့လုိင္စင္ေတြေအာက္က Github ေပၚမွာ ကုမၸဏီရဲ႕ စီမံကိန္းေတာ္ေတာ္မ်ားမ်ားကိုလည္း ျဖန္႔ခ်ိခဲ့ပါတယ္။

စိုးထက္
Ref: TheNextWeb

=====

[ Unicode ]

GitHub ကို Microsoft ဝယ်ယူ

=====

Microsoft ဟာ software development platform တစ်ခုဖြစ်တဲ့ GitHub ကိုဝယ်ယူလိုက်တယ်လို့ Bloomberg ကဖော်ပြခဲ့ပြီး သဘောတူညီချက်တွေကို မကြာမီ ထုတ်ပြန်မယ်လို့ သိရပါတယ်။

GitHub ဆိုတာ နာမည်ကျော် Git source management စနစ်အသုံးပြုထားတဲ့ cloud အတွင်းမှာ developer တွေရဲ့ ကိုယ်ပိုင် code တွေကို host လုပ်နိုင်တဲ့ အွန်လိုင်းဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် အတွင်းမှာ Linus တည်ထောင်သူ Linus Torvalds ကဖန်တီးခဲ့တာ ဖြစ်ပါတယ်။

GitHub ကို open source project တွေရဲ့ အဓိကနေရာတစ်ခုအဖြစ် အသုံးပြုသလို ကုမ္ပဏီတွေအတွင်းက developer တွေကို သီးသန့် software ပူးပေါင်းဖန်တီးနေတဲ့အခါမှာလည်း အသုံးချပါတယ်။

GitHub ကုမ္ပဏီတန်ဖိုးဟာ ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ၂ သန်းရှိပါတယ်။ ဒါပေမဲ့ Microsoft အနေနဲ့ Github အတွက် ဘယ်လောက်ပေးချေခဲ့ရတယ်ဆိုတာ မသိရသေးပါဘူး။ GitHub မှာဦးဆောင်နေတဲ့ အမှုဆောင်အရာရှိချုပ် မရှိသလို ငွေကြေးပြဿနာတွေရှိနေပေမယ့်လည်း development ကဏ္ဍအတွင်းမှာ အရေးပါတဲ့အခန်းကဏ္ဍကို ရယူထားပါတယ်။

Microsoft က Github ကိုဝယ်ယူလိုက်တဲ့အတွက် ကုမ္ပဏီခေါင်းဆောင်ပိုင်းကို ရွေးချယ်လာနိုင်မယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ Microsoft ဘုတ်အဖွဲ့ဟာ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဆတ်ရာနာဒယ်လာရဲ့ စွမ်းဆောင်ရည်နဲ့ ဦးဆောင်နိုင်စွမ်းကို အခြေခံပြီး Github ခေါင်းဆောင်ကို ရွေးချယ်ဖွယ်ရှိပါတယ်။ နာဒယ်လာဟာ Microsoft ကိုအဆင့်တစ်ခုရောက်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

Microsoft ဟာ နာဒယ်လာရဲ့ ခေါင်းဆောင်မှုအောက်မှာ open source လက်ခံယုံကြည်ပြီး လွတ်လပ်တဲ့လိုင်စင်တွေအောက်က Github ပေါ်မှာ ကုမ္ပဏီရဲ့ စီမံကိန်းတော်တော်များများကိုလည်း ဖြန့်ချိခဲ့ပါတယ်။

စိုးထက်
Ref: TheNextWeb