GitHub ကုိ Microsoft နဲ႔အၿပိဳင္ဝယ္ယူရာမွာ Google ႐ႈံးနိမ့္ခဲ့

[ Zawgyi ]

Google ဟာ Microsoft နဲ႔အၿပိဳင္ GitHub ကုိဝယ္ယူမႈမွာ ႐ႈံးနိမ့္ခဲ့တယ္လို႔ ကုမၸဏီအမႈေဆာင္တစ္ဦးက ဝန္ခံေျပာၾကားသြားပါတယ္။ မေန႔ကျပဳလုပ္သြားခဲ့တဲ့ Fortune Magazine အခမ္းအနားမွာ “ကၽြန္မအေနနဲ႔ GitHub ကုမၸဏီဝယ္ဖို႔ စိတ္ထဲ အရမ္းမထားပါဘူး။ အဆင္ေျပပါတယ္” လို႔ Google ရဲ႕ cloud အႀကီးအကဲျဖစ္သူ ဒိုင္ယန္ဂရင္းကေျပာခဲ့ပါတယ္။

Google ဟာ Microsoft ရဲ႕ကမ္းလွမ္းမႈေတြနဲ႔ အၿပိဳင္ GitHub ကိုဝယ္ယူဖို႔ ႀကိဳးစားခဲ့တယ္လို႔ ေကာလာဟလသတင္း ထြက္ေပၚခဲ့ပါတယ္။ GitHub တည္ေထာင္သူ ခရစၥဝမ္စရတ္က အမႈေဆာင္အရာရွိခ်ဳပ္ ဆတ္ရာနာဒယ္နဲ႔ ဆက္ဆံေရး ေကာင္းမြန္မႈေၾကာင့္ Microsoft ကုိေရြးခ်ယ္လိုက္တယ္လုိ႔ သတင္းက ေဖာ္ျပခဲ့ပါတယ္။ GitHub ဟာစီမံကိန္းေတြ၊ သတင္းအခ်က္အလက္နဲ႔ code ေတြကို host လုပ္ဖို႔ developer ေတြနဲ႔ ကုမၸဏီေတြက အသုံးျပဳေနတဲ့ ဝန္ေဆာင္မႈျဖစ္ပါတယ္။ အလြန္ေက်ာ္ၾကားတဲ့ code သိမ္းဆည္းထားရာ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။ Apple, Amazon, Facebook, Google နဲ႔အျခား နည္းပညာကုမၸဏီႀကီးေတြ မ်ားစြာလည္း GitHub ကိုအသုံးျပဳၾကပါတယ္။ GitHub ေပၚမွာ host လုပ္ထားတဲ့ စီမံကိန္း ၈၅ သန္းရွိၿပီး developer ၂၈ သန္း ပါဝင္ေထာက္ပံ့ထားပါတယ္။

Microsoft က GitHub ဝယ္ယူလိုက္တာနဲ႔ ပတ္သက္ၿပီး developer ေတြကစိုးရိမ္ေနပါတယ္။ “Microsoft က GitHub ကို ၾကားေနအျဖစ္ ဆက္လက္ထားရွိဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ဒိုင္ယန္ဂရင္းက GitHub ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ခ်ခဲ့ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Google ဟာ Microsoft နဲ့အပြိုင် GitHub ကိုဝယ်ယူမှုမှာ ရှုံးနိမ့်ခဲ့တယ်လို့ ကုမ္ပဏီအမှုဆောင်တစ်ဦးက ဝန်ခံပြောကြားသွားပါတယ်။ မနေ့ကပြုလုပ်သွားခဲ့တဲ့ Fortune Magazine အခမ်းအနားမှာ “ကျွန်မအနေနဲ့ GitHub ကုမ္ပဏီဝယ်ဖို့ စိတ်ထဲ အရမ်းမထားပါဘူး။ အဆင်ပြေပါတယ်” လို့ Google ရဲ့ cloud အကြီးအကဲဖြစ်သူ ဒိုင်ယန်ဂရင်းကပြောခဲ့ပါတယ်။

Google ဟာ Microsoft ရဲ့ကမ်းလှမ်းမှုတွေနဲ့ အပြိုင် GitHub ကိုဝယ်ယူဖို့ ကြိုးစားခဲ့တယ်လို့ ကောလာဟလသတင်း ထွက်ပေါ်ခဲ့ပါတယ်။ GitHub တည်ထောင်သူ ခရစ္စဝမ်စရတ်က အမှုဆောင်အရာရှိချုပ် ဆတ်ရာနာဒယ်နဲ့ ဆက်ဆံရေး ကောင်းမွန်မှုကြောင့် Microsoft ကိုရွေးချယ်လိုက်တယ်လို့ သတင်းက ဖော်ပြခဲ့ပါတယ်။ GitHub ဟာစီမံကိန်းတွေ၊ သတင်းအချက်အလက်နဲ့ code တွေကို host လုပ်ဖို့ developer တွေနဲ့ ကုမ္ပဏီတွေက အသုံးပြုနေတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ အလွန်ကျော်ကြားတဲ့ code သိမ်းဆည်းထားရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Apple, Amazon, Facebook, Google နဲ့အခြား နည်းပညာကုမ္ပဏီကြီးတွေ များစွာလည်း GitHub ကိုအသုံးပြုကြပါတယ်။ GitHub ပေါ်မှာ host လုပ်ထားတဲ့ စီမံကိန်း ၈၅ သန်းရှိပြီး developer ၂၈ သန်း ပါဝင်ထောက်ပံ့ထားပါတယ်။

Microsoft က GitHub ဝယ်ယူလိုက်တာနဲ့ ပတ်သက်ပြီး developer တွေကစိုးရိမ်နေပါတယ်။ “Microsoft က GitHub ကို ကြားနေအဖြစ် ဆက်လက်ထားရှိဖို့ မျှော်လင့်ပါတယ်” လို့ဒိုင်ယန်ဂရင်းက GitHub ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မှတ်ချက်ချခဲ့ပါတယ်။

စိုးထက်
Ref: TheVerge