Gigabyte Aero 15 OLED

တန်ဖိုး – ကန်ဒေါ်လာ ၂၄၉၉

အားသာချက်

ပါးလွှာတဲ့ အလူမီနီယံကိုယ်ထည်ဒီဇိုင်းက ဆွဲဆောင်မှုရှိသလို 4K OLED display နဲ့ သက်သောင့်သက်သာရှိတဲ့ ကီးဘုတ်စနစ်တွေက သဘောကျစရာကောင်းလှပြီး မြန်ဆန်တဲ့ processor နဲ့ ကောင်းမွန်တဲ့ ဂရပ်ဖစ်ပ်စွမ်းဆောင်ရည်တွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

Display မြင်ကွင်းရဲ့ အောက်ဘက်မှာ တပ်ဆင်ထားတဲ့ webcam နဲ့ သူ့မှာပါ၀င်တဲ့ Microsoft Azure AI စနစ်ကတော့ မိမိအသုံးပြုတဲ့ပေါ်မူတည်ပြီး စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင် အလိုအလျောက် လုပ်ဆောင်ပေးပေမယ့် ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ဒီထက် ပိုကောင်းဖို့လိုမယ်လို့ မြင်ပါတယ်။

သုံးသပ်ချက်

Gigabyte Aero 15 OLED က ရုပ်ထွက်ပိုင်း မြင့်မားလှတဲ့ 4K Display ၊ မြန်ဆန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ပါးလွှာတဲ့ဒီဇိုင်းတွေက Laptop နဲ့ ဂိမ်းကစားတဲ့သူတွေ အကြိုက်ဖြစ်စေမယ့် laptop လို့ ပြောလို့ရပါတယ်။ webcam ကို အောက်ဘက်ဘောင်ထဲမှာ ထည့်သွင်းထားတာကလည်း display ရဲ့ အပေါ်ဘက် ဘေးဘောင်ကျဉ်းအောင် ဖန်တီးထားတာဖြစ်ပေမယ့် ပုံမှန်မဟုတ်တော့ သုံးရတာ အနည်းငယ် စိတ်အနှောင့်အယှက်ရှိနိုင်တာက လွဲရင် High-resolution display နဲ့ သွားလေရာမှာ ဂိမ်းကစားဖို့ ပြည့်ဝကောင်းမွန်လှတဲ့ စွမ်းရည်တွေရှိတဲ့ ဒီ Laptop က ပေးရတဲ့ ဂိမ်း Laptop တွေထဲမှာနဲ့ ပေးရတဲ့စျေးနဲ့ သုံးရတာတန်တယ်လို့ ခံစားရမယ့် Laptop တစ်လုံးပဲဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

မြင်ကွင်းအကျယ်ကတော့ ၁၅.၆ လက်မရှိပြီး ရုပ်ထွက်အရည်အသွေးကို 3840x2160p အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ 8th Gen Intel Core i7-9750U CPU ကို အသုံးပြုထားပြီး RAM 16GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 512 GB SSD ကို တပ်ဆင်ထားပါတယ်။ ဂရပ်ဖစ်ပိုင်း အနေနဲ့ Nvidia GeForce RTX 2070 Max-Q GPU ထောက်ပံ့ပါ၀င်ပြီး ဗီဒီယို Memory အနေနဲ့ 8GB VRAM ပါ၀င်ပါတယ်။ ၄.၁x၂.၇ လက်မအ ရွယ်အစား Touchpad ပါ၀င်ပြီး Webcam ကတော့ 720p အမျိုးအစားဖြစ်ပါတယ်။ WiFi 802.11ax၊ Bluetooth 5.0 ထောက်ပံ့ပါ၀င်ပါတယ်။ HDMI ပေါက်၊ USB 3.1 ပေါက်၊ USB Type-C ပေါက်၊ Thunderbolt 3 ပေါက် microSD ကတ်ပေါက်နဲ့ USB Type-C hub ပေါက်တွေ ပါ၀င်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ပြီး အင်တာနက် အသုံးပြုမှုကို ဘက်ထရီနဲ့ ၃ နာရီနဲ့ ၃၈ မိနစ် ဝန်းကျင်ခန့် အသုံးပြုနိုင်တာက ပရီမီယံဂိမ်း Laptop တစ်လုံးရဲ့ အသုံးပြုနိုင်မှုရဲ့ ပုံမှန်ကြာချိန်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အလေးချိန် ကတော့ ၂.၁၉ ကီလိုဂရမ် ( ၄.၈၅ ပေါင်) ရှိပါတယ်။

– ရဲထွဋ်ဝင်း
Ref: www.laptopmag.com