Genius ကသီခ်င္းစာသားေတြကုိ Google ကူးယူေနဟုဆို

[ Zawgyi ]

Google ဟာ Genius ဝက္ဘ္ဆိုက္က သီခ်င္းစာသားေတြကုိ ရွာေဖြမႈရလဒ္ေတြထဲမွာ ကူးယူထားတဲ့ ကိစၥကုိ မျငင္းဆန္ႏိုင္တဲ့ သက္ေသရရွိထားတယ္လို႔ သီခ်င္းစာသားေတြကို အနက္ဖြင့္ေပးထားတဲ့ Genius Media က ေျပာခဲ့ပါတယ္။

သုံးစြဲသူက Google မွာစိတ္ႀကိဳက္သီခ်င္းတစ္ပုဒ္ကို ရွာေဖြလိုက္ရင္ ရွာေဖြမႈရလဒ္ေတြနဲ႔အတူ သီခ်င္းစာသားကုိလည္း ေဖာ္ျပေပးထားတာ ေတြ႕ရပါတယ္။ Google ကသီခ်င္းစာသားေတြ ေဖာ္ျပေပးထားတာေၾကာင့္ သီခ်င္းစာသားေတြေဖာ္ျပေပးတဲ့ ဝက္ဘ္ဆိုက္ေတြကုိ လူေတြ ဝင္ေရာက္ၾကည့္႐ႈတာ နည္းသြားပါတယ္။

၂၀၁၆ ခုႏွစ္မွာ Genius ဟာ ကိုယ္ပိုင္ဝက္ဘ္ဆုိက္ကုိ အေျပာင္းအလဲ ျပဳလုပ္ခဲ့ၿပီး သီခ်င္းတိုင္းအတြက္ အစီအစဥ္တက်နဲ႔ မ်က္ေတာင္အဖြင့္အပိတ္ေတြပါဝင္တဲ့ ဖြင့္ဆုိရွင္းလင္းခ်က္ေတြနဲ႔ ေဖာ္ျပထားပါတယ္။ အဲဒီသေကၤတေတြက သီခ်င္းစာသားကုိ ကူးလိုက္တဲ့အခါမွာ ေရစာျဖစ္လာၿပီး မ်က္ေတာင္အဖြင့္အပိတ္ေတြကို ေမာ့စ္ကုတ္အျဖစ္ ဘာသာျပန္လုိက္ရင္ “Red Handed” လို႔အဓိပၸာယ္ရမွာ ျဖစ္ပါတယ္။

Genius ဟာ သီခ်င္းေတြအမ်ိဳးမ်ိဳးမွာ အခုလိုျဖစ္ရပ္မ်ိဳး ၁၀၀ ေက်ာ္ ေတြ႕ရွိထားတယ္လို႔ သိရပါတယ္။

Genius အေနနဲ႔ ခိုးယူခံရတဲ့ သီခ်င္းစာသားေတြနဲ႔ပတ္သက္ၿပီး လြန္ခဲ့တဲ့၂ ႏွစ္ေက်ာ္အတြင္း Google ကုိ အႀကိမ္ေရမ်ားစြာ သတိေပးထားရပါတယ္။ သီခ်င္းစာသားေတြကုိ စီးပြားဖက္ေတြ ဆီကေန ရယူထားတယ္လို႔ Google ကေျဖရွင္းထားပါတယ္။ အခုျပႆနာကုိ စုံစမ္းစစ္ေဆးသြားၿပီး မမွန္မကန္လုပ္တဲ့ စီးပြားဖက္ေတြနဲ႔ ရယူထားတဲ့ သေဘာတူညီခ်က္ကုိ ဖ်က္သိမ္းသြားမယ္လို႔ Google ကထုတျ္ပန္ခဲ့ပါတယ္။

စိုးထက္
Ref: 9to5Google

[ Unicode ]

Google ဟာ Genius ဝက်ဘ်ဆိုက်က သီချင်းစာသားတွေကို ရှာဖွေမှုရလဒ်တွေထဲမှာ ကူးယူထားတဲ့ ကိစ္စကို မငြင်းဆန်နိုင်တဲ့ သက်သေရရှိထားတယ်လို့ သီချင်းစာသားတွေကို အနက်ဖွင့်ပေးထားတဲ့ Genius Media က ပြောခဲ့ပါတယ်။

သုံးစွဲသူက Google မှာစိတ်ကြိုက်သီချင်းတစ်ပုဒ်ကို ရှာဖွေလိုက်ရင် ရှာဖွေမှုရလဒ်တွေနဲ့အတူ သီချင်းစာသားကိုလည်း ဖော်ပြပေးထားတာ တွေ့ရပါတယ်။ Google ကသီချင်းစာသားတွေ ဖော်ပြပေးထားတာကြောင့် သီချင်းစာသားတွေဖော်ပြပေးတဲ့ ဝက်ဘ်ဆိုက်တွေကို လူတွေ ဝင်ရောက်ကြည့်ရှုတာ နည်းသွားပါတယ်။

၂၀၁၆ ခုနှစ်မှာ Genius ဟာ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး သီချင်းတိုင်းအတွက် အစီအစဉ်တကျနဲ့ မျက်တောင်အဖွင့်အပိတ်တွေပါဝင်တဲ့ ဖွင့်ဆိုရှင်းလင်းချက်တွေနဲ့ ဖော်ပြထားပါတယ်။ အဲဒီသင်္ကေတတွေက သီချင်းစာသားကို ကူးလိုက်တဲ့အခါမှာ ရေစာဖြစ်လာပြီး မျက်တောင်အဖွင့်အပိတ်တွေကို မော့စ်ကုတ်အဖြစ် ဘာသာပြန်လိုက်ရင် “Red Handed” လို့အဓိပ္ပာယ်ရမှာ ဖြစ်ပါတယ်။

Genius ဟာ သီချင်းတွေအမျိုးမျိုးမှာ အခုလိုဖြစ်ရပ်မျိုး ၁၀၀ ကျော် တွေ့ရှိထားတယ်လို့ သိရပါတယ်။

Genius အနေနဲ့ ခိုးယူခံရတဲ့ သီချင်းစာသားတွေနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့၂ နှစ်ကျော်အတွင်း Google ကို အကြိမ်ရေများစွာ သတိပေးထားရပါတယ်။ သီချင်းစာသားတွေကို စီးပွားဖက်တွေ ဆီကနေ ရယူထားတယ်လို့ Google ကဖြေရှင်းထားပါတယ်။ အခုပြဿနာကို စုံစမ်းစစ်ဆေးသွားပြီး မမှန်မကန်လုပ်တဲ့ စီးပွားဖက်တွေနဲ့ ရယူထားတဲ့ သဘောတူညီချက်ကို ဖျက်သိမ်းသွားမယ်လို့ Google ကထုတြ်ပန်ခဲ့ပါတယ်။

Ref: 9to5Google