General Management Course အွန်လိုင်းသင်တန်း လျှောက်ထားနိုင်

UMFCCI Training Institute မှ General Management Course အွန်လိုင်းသင်တန်းကို နိုဝင်ဘာ ၁၄ ရက် မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် ပြင်ဆင်နေသော လူငယ်လူရွယ်များနဲ့ လုပ်ငန်းခွင်မှာ ခေါင်းဆောင်မှုနယ်ပယ်သို့ တက်လှမ်းမယ့် လူငယ်များအတွက် အနာဂတ် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာစေရန် စနစ်တကျ လေ့ကျင့် သင်ကြားပေးသွားမယ့်သင်တန်း ဖြစ်ပါတယ်။

သင်တန်းမှာ Module 1 အနေနဲ့ Interpersonal Relationship, Self Confidence, Time Management, Goals Setting, Motivating Employee Performance, Negotiation Skill တွေကိုလည်းကောင်း ၊ Module (II) အနေနဲ့ Problem Solving, Effective Communication skill, Organization Structure, Managerial Controls, Managing Technology and Innovation, Basic Tools for Quality Management တွေကိုလည်းကောင်း၊ Module (III) အနေနဲ့ Effective Presentation Skill, Workplace Safety, Administrative Procedure, Formal Letter Writing စတာတွေကိုလည်းကောင်း သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းမှာ MBA ဘွဲ့ရ ကျွမ်းကျင်ဆရာ/ဆရာမများမှ စာတွေ့နဲ့ လက်တွေ့ပေါင်းစပ်ကာ နိုင်ငံတကာ သင်ကြားနည်း စနစ်များအတိုင်း Online မှ Zoom Application အသုံးပြုပြီး လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ပါက UMFCCI Training Institute ရဲ့ အသိအမှတ်ပြု Certificate ထုတ်ပေးမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုပါက UMFCCI Training Institute Messenger မှာ Online Application Link ရယူပြီး လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို HRD ဌာန ဖုန်း ၀၁-၂၃၁၇၄၇၉၊ ၂၃၀၂၄၈၅ နဲ့ Email: hrd@umfcci.com.mm သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««