
နေပြည်တော်ကောင်စီနယ်မြေမှာ ဖွင့်လှစ်ထားတဲ့ ROP-Republic of Professionals မှ အထွေထွေ အင်္ဂလိပ်ဘာသာစကားပြောအတွက် General English အင်္ဂလိပ်စကားပြော သင်တန်းသစ်ကို ဇူလိုင် ၆ ရက်မှာ စတင်မှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ စာရင်းပေးသွင်းနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
သင်တန်းမှာ အင်္ဂလိပ်စာကို အခြေခံခိုင်မာအောင် သင်ကြားခြင်းအတွက် ၃၀ ရာခိုင်နှုန်း၊ ဝေါဟာရတည်ဆောက်ခြင်း၊ တွေးခေါ်ခြင်း၊ စကားပြောခြင်းနဲ့ နားထောင်ခြင်း စွမ်းဆောင်ရည်အတွက် ၇၀ ရာခိုင်နှုန်း လေ့လာသင်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။ အခြေခံအထက်တန်းပညာအဆင့် သင်ကြားခဲ့ဖူးသူတွေ တက်ရောက်နိုင်မှာဖြစ်ပြီး အင်္ဂလိပ်စာ ကြောက်သူများ၊ စကားလုံးကို စိတ်ထဲက သိနေပေမယ့် ပြောမထွက်သူများနဲ့ အင်္ဂလိပ်စာ စနစ်တကျ လေ့လာသူလိုသူတွေ တက်ရောက်သင့်တယ်လို့ သိရပါတယ်။
သင်တန်းကို ဇူလိုင် ၆ ရက်မှာ စတင်မှာဖြစ်ပြီး စနေ၊ တနင်္ဂနွေတွင် သင်ကြားရမှာဖြစ်ပါတယ်။ နာရီပေါင်း ၃၂ နာရီ ကြာမြင့်မှာဖြစ်ကာ သင်တန်းကြေး ၇၀,၀၀၀ ကျပ်ဖြစ်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ အသေးစိတ်ကို ROP ဖုန်း – ၀၉ ၇၇၉ ၉ ၇၇ ၈၃၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
-ကျော်ဇေယျ