GED Course ကို MSI Academy Education Centre တွင် စတင် တက်ရောက်နိုင်မည်

High School Diploma (၁၂ တန်း ပညာရေး) နဲ့ ညီမျှတဲ့ GED Course ကို MSI Academy Education Centre မှာ တက်ရောက်နိုင်တော့မှာ ဖြစ်တယ်လို့သိရပါတယ်။

GED Course ဟာ မြန်မာနိုင်ငံမှ ကျောင်းသားအများစုအတွက် နိုင်ငံတကာ တက္ကသိုလ်တွေမှာ တက်လှမ်းနိုင်ဖို့ အထောက်အပံ့ပေးမယ့် Course တစ်ခုဖြစ်ပြီး နိုင်ငံတကာ အထက်တန်းပညာရေး (High School Diploma) နဲ့ညီမျှတာကြောင့် USA , Canada အစရှိတဲ့နိုင်ငံကြီးတွေအပြင် နိုင်ငံအများမှ လက်ခံထားတဲ့ ပညာရေးသက်မှတ်ချက် စာမေးပွဲ တစ်ခုဖြစ်ပါတယ်။ GED Test ကို အွန်လိုင်းမှတစ်ဆင့် ဖြေဆိုနိုင်ပြီဖြစ်ပြီး ဖြေဆိုအောင်မြင်ပြီးသူဦးရေ သိန်း (၂၀၀) ကျော်ရှိကာ နှစ်ပေါင်း ၇၀ ကြာ အမေရိကန်နိုင်ငံပညာရေးကဏ္ဍရဲ့ အဓိကနေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။

GED course ဟာ USA နဲ့ Canada အစရှိတဲ့ နိုင်ငံကြီးများရှိ College & University များသို့ တက်လှမ်း နိုင်ဖို့အတွက် ဝင်ခွင့်သတ်မှတ်ချက်နဲ့ မမီသူများ ၊ IGCSE Grading မျှော်မှန်းထားသလောက် Result မပြည့်မီသူများ ၊ တက္ကသိုလ်ဝင်တန်း ရမှတ် နည်းသူများ ၊ အထက်တန်းပညာရေး မပြီးဆုံးသေးသူများနဲ့ မအောင်မြင်သေးသူများ ၊ USA တွင် အသက်မွေးဝမ်းကျောင်းပြုလိုသူများ အစရှိတဲ့ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင့်တဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။

GED Test ကိုဖြေဆိုရန် Reasoning through language Art , Social Studies , Science , Mathematical Reasoning စတဲ့ ဘာသာရပ် (၄) ဘာသာ လေ့လာရမှာ ဖြစ်ပြီး ဘာသာရပ် (၄) ဘာသာစလုံးကို MSI Academy မှာ ၃ လတက်ပြီးပါက GEDTest ကိုဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

ဘာသာရပ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၉၅၁၀၃၉၁၅ နဲ့ ၀၉၄၂၂၅၅၇၈၈၄ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ