Gear VR headset နဲ႔ Galaxy Note 10 အသုံးမျပဳႏိုင္ဟု Samsung အတည္ျပဳ

[ Zawgyi ]

Samsung ရဲ႕ Galaxy Note 10 နဲ႔ Note 10 Plus ကုိ Gear VR နဲ႔အသုံးမျပဳႏိုင္ဘူးလို႔ ကုမၸဏီက အတည္ျပဳခဲ့ပါတယ္။ ကနဦးမွာ နည္းပညာေလ့လာဆန္းစစ္သူ အန္ရွယ္ဆတ္က Galaxy Note 10 ထုတ္ကုန္ေတြကုိ Gear VR ေရွ႕ဘက္က lens ထဲ ထည့္သြင္း အသုံးမျပဳႏိုင္ဘူးလို႔ ေဖာ္ျပခဲ့ပါတယ္။ Gear VR နဲ႔ အျခား headset ေတြမွာ Samsung ေနာက္ဆုံးေပၚဖုန္းသစ္ ေထာက္ပ့ံမႈ ပိတ္ပင္လုိက္တာက Oculus Quest လိုမ်ိဳး built-in display ပါတဲ့ သီးျခားထုတ္ကုန္ေတြ ေပၚလာတာေၾကာင့္ ျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔အေနနဲ႔ သုံးစြဲသူေတြဆီ အလြန္ေကာင္းမြန္တဲ့ အေတြ႕အႀကဳံသစ္ေတြကုိ သယ္ေဆာင္လာဖို႔ VR နဲ႔ AR က႑ေတြမွာ ဆန္းသစ္ဖန္တီးမႈေတြ ျပဳလုပ္ေနပါတယ္” လို႔ Samsung ကေျပာခဲ့ပါတယ္။

Samsung အေနနဲ႔ Unpacked ပြဲအတြင္း Gear VR အေၾကာင္းကုိ မေျပာခဲ့သလုိ ၂၀၁၇ ခုႏွစ္ ေနာက္ပုိင္း headset သစ္ မထုတ္ေသးပါဘူး။ ေဖေဖာ္ဝါရီလအတြင္း မိတ္ဆက္ခဲ့တဲ့ Galaxy S10 ဖုန္းေမာ္ဒယ္ေတြမွာ Gear VR ကုိ adapter ကတစ္ဆင့္ ေထာက္ပံ့ထားပါတယ္။ Gear VR ကုိ Samsung ရဲ႕ store မွာေရာင္းခ်ေနေသးေပမယ့္ ဝယ္ယူလို႔ေတာ့ မရပါဘူး။ Amazon မွာေတာ့ ေဒၚလာ ၉၉.၉၉ နဲ႔ဝယ္ယူႏိုင္ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Samsung ရဲ့ Galaxy Note 10 နဲ့ Note 10 Plus ကို Gear VR နဲ့အသုံးမပြုနိုင်ဘူးလို့ ကုမ္ပဏီက အတည်ပြုခဲ့ပါတယ်။ ကနဦးမှာ နည်းပညာလေ့လာဆန်းစစ်သူ အန်ရှယ်ဆတ်က Galaxy Note 10 ထုတ်ကုန်တွေကို Gear VR ရှေ့ဘက်က lens ထဲ ထည့်သွင်း အသုံးမပြုနိုင်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ Gear VR နဲ့ အခြား headset တွေမှာ Samsung နောက်ဆုံးပေါ်ဖုန်းသစ် ထောက်ပ့ံမှု ပိတ်ပင်လိုက်တာက Oculus Quest လိုမျိုး built-in display ပါတဲ့ သီးခြားထုတ်ကုန်တွေ ပေါ်လာတာကြောင့် ဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေဆီ အလွန်ကောင်းမွန်တဲ့ အတွေ့အကြုံသစ်တွေကို သယ်ဆောင်လာဖို့ VR နဲ့ AR ကဏ္ဍတွေမှာ ဆန်းသစ်ဖန်တီးမှုတွေ ပြုလုပ်နေပါတယ်” လို့ Samsung ကပြောခဲ့ပါတယ်။

Samsung အနေနဲ့ Unpacked ပွဲအတွင်း Gear VR အကြောင်းကို မပြောခဲ့သလို ၂၀၁၇ ခုနှစ် နောက်ပိုင်း headset သစ် မထုတ်သေးပါဘူး။ ဖေဖော်ဝါရီလအတွင်း မိတ်ဆက်ခဲ့တဲ့ Galaxy S10 ဖုန်းမော်ဒယ်တွေမှာ Gear VR ကို adapter ကတစ်ဆင့် ထောက်ပံ့ထားပါတယ်။ Gear VR ကို Samsung ရဲ့ store မှာရောင်းချနေသေးပေမယ့် ဝယ်ယူလို့တော့ မရပါဘူး။ Amazon မှာတော့ ဒေါ်လာ ၉၉.၉၉ နဲ့ဝယ်ယူနိုင်ပါတယ်။

Ref: TheVerge