GE75 Raider 10SFS

Portable Desktop လို့ တင်စားခေါ်ဝေါ်ခံတဲ့ High End Gaming Laptop ဖြစ်ပါတယ်။ Intel ရဲ့ 10th Gen Core i9 Processor ကိုထည့်သွင်းအသုံးပြုထားပြီး Graphic ပိုင်းအတွက် NVIDIA® GeForce® RTX 2070 SUPER™ With 8GB GDDR6 ထောက်ပံ့ပေးထားပါတယ်။ RAM ပိုင်းအတွက် 64GB DDR4 နဲ့ 512GB PCIe NVMe M.2 SSD စတာတွေ ထောက်ပံ့ပေးထားပါတယ်။ ၁၇.၃ လက်မ အရွယ်အစား FHD (1920×1080), 240Hz, IPS-Level Display ကိုအသုံးပြုထားပြီး နေရာမရွေး အလင်းနှုန်းမရွေး ကောင်းမွန်စွာနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 6-Cell Li-Ion51 Battery (Whr)Battery ကို အသုံးပြုထားတာဖြစ်ပါတယ်။ အခြားသောစနစ်တွေဖြစ်တဲ့ Killer Gb LAN, Killer ax Wi-Fi + Bluetooth v5.1, 802.11 ax Wi-Fi 6 + Bluetooth v5.1 , RJ45, SD (XC/HC) Card Reader, (4K @ 60Hz) HDMI, Mini-DisplayPort, Type-C USB3.2 Gen2, Type-A USB3.2 Gen1, Type-A USB3.2 Gen2, Webcam စတာတွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ အရွယ်အစားကတော့ 397 x 268.5 x 27.5 mm ဖြစ်ပြီးအလေးချိန်က 2.64 kg သာရှိပါတယ်။

MSI Gaming ကနေ တရားဝင် တင်သွင်းတာဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ ကွန်ပျူတာအရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««