Garmin Striker 4ww

အမေရိကန်ရေကြောင်းနည်းပညာသုံး Garmin GPS brand ရဲ့ Striker 4ww ဖြစ်ပါတယ်။ အသုံးပြုရလွယ်ကူပြီး ရေလုပ်ငန်းရှင်တွေအတွက် အသုံးဝင်ပါတယ်။ ငါးဖမ်းစက်လှေတွေမှာ တပ်ဆင်အသုံးပြုရမှာပါ။ သုံးလက်မခွဲ ကာလာမျက်နှာပြင်နဲ့ အသုံးပြုနိုင်တဲ့ ရေအောက် ငါးကြည့်စက် ဖြစ်ပါတယ်။ Display Type က Backlit color Type ဖြစ်ပြီး ၃.၅ လက်မ အရွယ်အစား ရှိပါတယ်။ Operating Frequency (kHz) အနေနဲ့ W200 ကို အသုံးပြုထားတဲ့အတွက် ရေအောက်သို့ တိကျသေချာစွာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ GPS စနစ် ပါဝင်တာကြောင့် မြေပုံအကြမ်း စာမျက်နှာမှာ ပွိုင့်မှတ်သားနိုင်ခြင်း၊ ငါးပုံ သင်္ကေတဖြင့် ကြည့်ရှုနိုင်ခြင်း ၊ မြန်မာဘာသာစနစ်ပါဝင်ခြင်း၊ ရေအနက်ပေ ၁၆၀၀ အထိ ကြည့်ရှုနိုင်ခြင်းအပြင် Depth Alarm, Shallow Alarm, Sunlight Readable နဲ့ Temperature Readings စတဲ့ အားသာချက်တွေပါဝင်ပါတယ်။

Concordia International Co., Ltd ဖုန်း – ၀၉ ၂၅၃ ၃၆၂ ၈၀၀ (နေပြည်တော်)၊၀၉ ၂၅၄၃၇၈၁၃၆ (မန်း)နဲ့ ၀၉ ၄၄၃၀၀ ၉ ၂၁၈ (ရန်ကုန်) တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို
အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««