Garmin Instinct® Solar Watch

အကြမ်းခံပြီး ဆိုလာစနစ်ပါဝင်ကာ ဘက်ထရီလည်းပိုခံတဲ့ Garmin Instinct® Solar Watch ဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ဆိုလာစနစ် ထောက်ပံ့ပေးထားတဲ့အတွက် ဘက်ထရီ ခံနိုင်ရည်မြင့်မားပြီး ၂၄ ရက်မှ ၅၄ ရက်အထိ ဆက်တိုက် အသုံးပြုနိုင်ပါတယ်။ Memory /History အနေနဲ့ 16MB ပါဝင်ပါတယ်။တိကျသေချာတဲ့ Heart Rate Sensor စနစ်ပါဝင်ပြီး နှလုံးခုန်နှေးခြင်း၊ မြန်ခြင်းဖြစ်ပါက သတိပေးတဲ့စနစ်တွေ ပါဝင်လာပါတယ်။ 10ATM waterproof ဖြစ်လို့ ရေစိုခံနိုင်တဲ့ SmartWatch​ ဖြစ်ပါတယ်။ ကယ်လိုရီလောင်ကျွမ်းမှု၊ တစ်နေ့တာလမ်းလျှောက်ထားတဲ့ အကွာအဝေး၊ ခြေလှမ်းဘယ်လောက်လှမ်းခဲ့လဲ၊ ရာသီဥတုအခြေအနေ စတာတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ Alarm Clock, Calendar, Stopwatch, Time တွေပါ အသုံးပြုနိုင်ပါတယ်။ Health Monitoring အနေနဲ့ Wrist-based Heart Rate (constant, every second), Daily Resting Heart Rate, Abnormal Heart Rate Alerts, Body Battery™ Energy Monitor, All-day Stress Tracking, Relaxation breathing timer, Sleep, Hydration, Menstrual Cycleတွေ ပါဝင်ပါတယ်။ Training, Planning နဲ့ Analysis Features တွေအတွက်လည်း ထောက်ပံ့မှု များစွာပါဝင်ပါတယ်။ Sensor အနေနဲ့ GPS, GLONASS, Garmin Elevate™ wrist heart rate monitor, Barometric altimeter, Compass, Accelerometer, Thermometer, Pulse Ox Blood Oxygen Saturation Monitor စတာတွေ စုံလင်အောင် ထောက်ပံ့ပေးထားပါတယ်။ Display အရွယ်အစားက (23 x 23 mm) ရှိပါတယ်။ အခြားသော Daily Smart Features တွေကိုလည်း များစွာ အသုံးပြုနိုင်ပေတယ်။ ချိတ်ဆက်မှုက Bluetooth, ANT+ဖြစ်ပါတယ်။ iOS ရော Android OS ပါ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

အမေရိကန်ဒေါ်လာ ၄၉၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Concordia International Co., Ltd ဖုန်း – ၀၉ ၄၂၈၁၂၈၅၂၇ (နေပြည်တော်)၊၀၉ ၂၅၄၃၇၈၁၃၆ (မန်း) နဲ့ ၀၉ ၄၄၃၀၀ ၉ ၂၁၈ (ရန်ကုန်) တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««