GARMIN GPS Etrex 30

အချိန်မရွေး မိမိ တည်ရှိရာကို ကွာဟမှု အနည်းဆုံးနဲ့ အမြန်ဆုံး သိရှိနိုင်ဖို့အတွက် အသုံးပြုရန် သင့်တော်တဲ့ GARMIN အမှတ်တံဆိပ် GPS ဖြစ်ပါတယ်။ Garmin GPS Etrex 30 မော်ဒယ်ဖြစ်ပြီး ဈေးနှုန်းသက်သာကာ ဖုန်းလိုင်းမမိနိုင်တဲ့ တောထဲတောင်ထဲမှာတောင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Barometric Alimeter, Compass, Hunt/Fish Calendar , Sun and Mon Information, Picture Viewer, Custom Maps Compatible စတာတွေ ပါဝင်တဲ့အတွက် ဧရိယာ တိုင်းထွာတွက်ချက်မှုတွေမှာ ပိုမိုတိကျ ကောင်းမွန်စေမှာဖြစ်တယ်လို့ သိရပါတယ်။ ၂.၂ လက်မ အရွယ်ရှိ Transflective ရောင်စုံ Display အသုံးပြုထားပြီး ရုပ်ထွက်က 128 x 160 pixels ဖြစ်ပါတယ်။ GPS တွေမှာ အရေးပါ အရောက်မယ့် Feature တွေ အစုံအလင် ထည့်သွင်းပေးထားပါတယ်။ ဒီမော်ဒယ်မှာ Internal Memory 1.7GB ထောက်ပံ့ပါဝင်ပါတယ်။ Waypoint 2000, Routes 200, Tracks 200, Tracking Point 10000 မှတ်သားထားနိုင်ပြီး အခြားကိုလည်းUSB နဲ့ ချိတ်ဆက်လွှဲပြောင်းနိုင်ပါသေးတယ်။ IPX7 Certified ဖြစ်တဲ့အတွက် ရေလုံပါတယ်။ ဘက်ထရီအနေနဲ့ Size AA ဓာတ်ခဲနှစ်လုံး ထည့်သွင်း အသုံးပြုရမှာဖြစ်ပြီး တစ်ခါထည့်ထားရင် ၂၅ နာရီ ဆက်တိုက် အသုံးပြုနိုင်မှာပါ။ တစ်နှစ်အာမခံ နဲ့ ရောင်းချပေးမှာဖြစ်ပြီး Concordia International Co., Ltd ၀၆၇၄၂၀၈၁၉ (နေပြည်တော်)၊၀၉ ၂၅၄၃၇၈၁၃၆ (မန်း) နဲ့ ၀၉ ၄၄၃၀၀ ၉ ၂၁၈ (ရန်ကုန်) တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ