GARMIN GPS Etrex 10

တော၊ တောင်၊ လျှိုမြောင်၊ ပင်လယ် သမုဒ္ဒရာ မည်သည့်နေရာ ရောက်နေနေ အချိန်မရွေး မိမိတည်ရှိရာကို ကွာဟမှုအနည်းဆုံးနဲ့ အမြန်ဆုံး သိရှိနိုင်ဖို့အတွက် အသုံးပြုဖို့ သင့်တော်တဲ့ GARMIN အမှတ်တံဆိပ် GPS Etrex 10 မော်ဒယ် GPS ဖြစ်ပါတယ်။

ဈေးနှုန်းသက်သာပြီး သူ့မှာ ပါတဲ့ GPS and GLONASS Satellite systemတွေကြောင့် positioning ပိုင်းမှာ ပိုပြီး တိကျမြန်ဆန်တယ်လို့ဆိုပါတယ်။ Garmin World Wide Base map စတာတွေ ပါဝင်သလို Paperless Geocaching Software တွေလည်း ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၂.၂ လက်မအရွယ်ရှိ Transflective monochrome Display အသုံးပြုထားတဲ့အတွက် ရုပ်ထွက် 128 x 160 pixels ထွက်ရှိမှာဖြစ်ပါတယ်။ Garmin Connect compatible, Geocaching, custom POIs, downloadable POIs, hunt/fish calendar, preinstalled POIs စတဲ့ လုပ်ဆောင်ချက်အစုံအလင်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Waypoint 1000, Routes 50, Tracks 100, Tracking Point 10000 မှတ်သားထားနိုင်ပြီး အဲဒီအချက်အလက်တွေကို USB နဲ့ ချိတ်ဆက်လွှဲပြောင်းနိုင်ပါတယ်။ IPX7 Certified ဖြစ်တဲ့အတွက် ရေလုံပါတယ်။ ဘက်ထရီအနေနဲ့ AA ဓါတ်ခဲ နှစ်လုံးထည့်သွင်း အသုံးပြုရမှာဖြစ်ပြီး တစ်ခါထည့်ထားရင် ၂၅ နာရီ ဆက်တိုက် အသုံးပြုနိုင်မှာပါ။ အရွယ်အစားက 2.1 x 4.0 x 1.3 လက်မဖြစ်ပြီး အလေးချိန်က 159 g ရှိပါတယ်။ တစ်နှစ်အာမခံ နဲ့ ရောင်းချပေးမှာဖြစ်ပြီး Concordia International Co., Ltd ၀၆၇၄၂၀၈၁၉ (နေပြည်တော်)၊၀၉ ၂၅၄၃၇၈၁၃၆ (မန်း) နဲ့ ၀၉ ၄၄၃၀၀ ၉ ၂၁၈ (ရန်ကုန်) မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ