Galaxy Z Fold 2 ဈေးနှုန်း ထွက်ပေါ်လာ

Samsung ဟာ ဩဂုတ်လ ၅ ရက်မှာ Galaxy Z Fold 2 ကို မိတ်ဆက်ထားပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၁ ရက်မှာ အွန်လိုင်းပွဲနဲ့ Galaxy Z Fold 2 အသေးစိတ်အချက်အလက်တွေကို ထပ်မံ မိတ်ဆက်သွားပါမယ်။ အခုဆိုရင်တော့ Samsung ယူကေ လက်လီကုန်ပစ္စည်း ရောင်းချရေး ဝက်ဘ်ဆိုက်မှာ Z Fold 2 ကို ပေါင် ၁,၇၉၉ နဲ့ ကြိုတင်မှာယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။ စက်တင်ဘာလ ၁၇ ရက်မှာ တင်ပို့ရောင်းချမယ်လို့ ဖော်ပြထားပါတယ်။

Galaxy Z Fold 2 ဖုန်းကတော့ ဒေါ်လာနဲ့ဆိုရင် ဒေါ်လာ ၁,၉၈၀ ကျသင့်ပါမယ်။ ဒါကြောင့် မူလ Fold ဖုန်းထက် အနည်းငယ် ဈေးသက်သာဖွယ်ရှိပါတယ်။

Z Fold 2 ဟာ ပထမမျိုးဆက် Fold ထက်တိုးတက်လာပါတယ်။ Z Fold 2 ရဲ့ အလွန်ပါးလွှာတဲ့ ဖန်ထည် မျက်နှာပြင်ကတော့ မူရင်း Fold ထက် ခံနိုင်ရည်မြင့်မားပါတယ်။ ပြင်ပ မျက်နှာပြင်အရွယ် ၆.၂ လက်မ ကလည်း မူလ Fold ထက်ကြီးမားသလို အတွင်းဘက်မှာလည်း ၇.၆ လက်မ မျက်နှာပြင်တစ်ခု ပါဝင်လာပါသေးတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««