Galaxy Z Flip 5G အမည်ကို Samsung တရားဝင်ထုတ်ပြန်

Samsung ဟာ Galaxy Z Flip 5G ဗားရှင်း မော်ဒယ်နံပါတ် SM-F707B ကိုဖြန့်ချိမယ်လို့ သိရပါတယ်။ XDA-Developers ကဖော်ပြတဲ့သတင်းအရ Samsung Galaxy Z Flip 5G အမည်ကို မော်ဒယ်နံပါတ်နဲ့ Samsung က တရားဝင်ဖော်ပြလိုက်ပါတယ်။ ကိုရီးယားမှာ ဖြန့်ချိမယ့် မော်ဒယ်နံပါတ်က SM-F707N ဖြစ်ပါတယ်။

Samsung ရဲ့ Galaxy Z Flip ကို ဖေဖော်ဝါရီလမှာ Snapdragon 855+ နဲ့မိတ်ဆက်ခဲ့ပေမယ့် 5G modem တော့ မပါဝင်ပါဘူး။ အခုမျိုးဆက်သစ်ဖုန်းမှာတော့ 5G ထောက်ပံ့မှု၊ storage 256GB နဲ့ RAM 8GB တို့ပါဝင်လာပါတယ်။

Galaxy Z Flip 5G ကို အရောင်သစ်နဲ့ ထုတ်လုပ်မယ်လို့ 3C ထောက်ခံချက်အရ သိရပါတယ်။ Galaxy Z Flip 5G ဟာ မူလလိုမျိုး 15W အားသွင်းမြန်ဆန်စနစ်ပဲ ပါဝင်ပါမယ်။

စိုးထက်
Ref: GSMArena