Galaxy Unpacked ပွဲမှာ မိတ်ဆက်မယ့် ထုတ်ကုန်တွေ အမြည်းပြသ

Samsung ဟာ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်မယ့် Unpacked ပွဲမှာ ထုတ်ကုန် ၅ မျိုး ပြသပါမယ်။ Galaxy Note 20 စီးရီးတွေအပြင် Galaxy Z Fold 2 လည်းပါဝင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် Galaxy Tab S7 စီးရီးတွေကိုလည်း ပွဲဦးထွက် မိတ်ဆက်မှာ ဖြစ်သလို Galaxy Watch 3 နဲ့ Galaxy Buds Live တို့လည်း ပါဝင်လာပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ ကြော်ငြာဗီဒီယိုကတော့ Galaxy Unpacked ပွဲမှာ မိတ်ဆက်မယ့် ထုတ်ကုန် ၅ ခုကို အတည်ပြုထားပါတယ်။

ဗီဒီယိုထဲမှာ Samsung ထုတ်ကုန်တွေရဲ့ အရောင်ကို ကြေးနီနဲ့ ဖော်ပြထားပါတယ်။ Samsung ဟာ Unpacked ပွဲကို တောင်ကိုရီးယား၊ ဆူဝမ်က Digital City နယ်မြေမှာ ပြုလုပ်ပါမယ်။

-စိုးထက်
Ref: GSMArena