Galaxy Tab S4 ထက် ဈေးပိုသက်သာတဲ့ ဗားရှင်းတစ်မျိုးကို မိတ်ဆက်လိုက်တဲ့ Samsung

[ Zawgyi ]

Flagship tablet သစ်ဖြစ်တဲ့ Galaxy Tab S4 ကို မိတ်ဆက်ခဲ့တဲ့ Samsung ဟာ ဈေးပိုသက်သာပြီး စွမ်းဆောင်ရည်နိမ့်တဲ့ Galaxy Tab A 10.5 ကိုလည်း မိတ်ဆက်ကြေညာခဲ့ပါတယ်။



Galaxy Tab A 10.5 ရဲ့ ဈေးနှုန်းနဲ့ ဖြန့်ချိမယ့်အချိန်ကို Samsung က မကြေညာသေးဘူး။ ဒါပေမဲ့လည်း ဈေးနှုန်းက ဒေါ်လာ ၆၄၉ ကျသင့်မယ့် Galaxy Tab S4 ထက် ပိုမိုသက်သာမယ်လို့ သိရပါတယ်။

Ref: TheVerge

[ Unicode ]

Flagship tablet သစ်ဖြစ်တဲ့ Galaxy Tab S4 ကို မိတ်ဆက်ခဲ့တဲ့ Samsung ဟာ စျေးပိုသက်သာပြီး စွမ်းဆောင်ရည်နိမ့်တဲ့ Galaxy Tab A 10.5 ကိုလည်း မိတ်ဆက်ကြေညာခဲ့ပါတယ်။

Tab S4 လိုပဲ Galaxy Tab A 10.5 မှာ ၁၀.၅ လက်မ display ပါဝင်ပါတယ်။ ကျန်တဲ့အချက်အလက်တွေကတော့ Tab S4 ထက် နိမ့်ပါတယ်။

Screen က 1080p LCD panel ဖြစ်ပြီး Tab S4 ကို resolution မြင့်မားတဲ့ 2560 x 1600 AMOLED မပါဝင်ပါဘူး။ Tab S4 ကို 4GB RAM နဲ့ 64GB, 128GB storage တွေနဲ့ရနိုင်ပေမယ့် Tab A 10.5 မှာတော့ 3GB RAM, 32GB storage နဲ့သာ ရနိုင်ပါတယ်။ Tab S4 ရဲ့ ပရိုဆက်ဆာက Snapdragon 835 ဖြစ်ပေမယ့် Tab A 10.5 ကိုတော့ Snapdragon 450 နဲ့သာ ရနိုင်ပါတယ်။ ဒါ့အပြင် S Pen, iris scanner နဲ့ DeX အထောက်အပံ့တို့ မပါဝင်ပါဘူး။ 7,300mAh ဘက်ထရီ သုံးထားတာကပဲ Tab S4 နဲ့တူညီပါတယ်။

Galaxy Tab A 10.5 ရဲ့ စျေးနှုန်းနဲ့ ဖြန့်ချိမယ့်အချိန်ကို Samsung က မကြေညာသေးဘူး။ ဒါပေမဲ့လည်း စျေးနှုန်းက ဒေါ်လာ ၆၄၉ ကျသင့်မယ့် Galaxy Tab S4 ထက် ပိုမိုသက်သာမယ်လို့ သိရပါတယ်။

Ref: TheVerge