Galaxy S9 နဲ့ S9+ ဓာတ်ပုံများ ထွက်ပေါ်လာ

အသစ်ထွက်မယ့် Samsung Galaxy S9 နဲ့ S9+ ဓာတ်ပုံတွေဟာ Evan Blass (@evleaks) ကနေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံတွေအရ ဒီစမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကဖြန့်ချိခဲ့တဲ့ S8 နဲ့ S8+ ဒီဇိုင်းတွေနဲ့ အလွန်ဆင်တူပါတယ်။ ဒါပေမဲ့ bezel တွေက အထူးသဖြင့် အောက်ဘက်မှာ အနည်းငယ် ကျဉ်းသွားပါတယ်။

ဖုန်းရဲ့ကျောဘက်ကိုတော့ ဓာတ်ပုံမှာ မပြသထားပါဘူး။ ဒါပေမဲ့ S9 ရဲ့ ကျောဘက်ဟာ လက်ရှိ S8 နဲ့ကွဲပြားပြီး fingerprint sensor ကို ဒေါင်လိုက်ပုံ ကင်မရာတွေရဲ့ အောက်ဘက်မှာ တပ်ဆင်ထားတယ်လို့ Blass က အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် S9 နဲ့ S9+ ဟာ S8 နဲ့ S8+ ထက် အတော့်ကို ကွဲပြားခြားနားတယ်လို့ ဆိုပါတယ်။ ၆.၂ လက်မ S9+ မှာ 6GB RAM နဲ့ 128GB storage ပါဝင်ပြီး ၅.၈ လက်မ S9 မှာတော့ 4GB RAM နဲ့ 64GB storage ပါဝင်မယ်လို့ သိရပါတယ်။ S9+ မှာ ကျောဘက်ကင်မရာနှစ်ခုပါဝင်ပြီး S9 မှာတော့ ကျောဘက်ကင်မရာတစ်ခုတည်း ပါဝင်မှာဖြစ်ပါတယ်။

ဒီဖုန်းတွေကို ဖေဖော်ဝါရီ ၂၅ ရက် MWC မှာ မိတ်ဆက်ကြေညာသွားမှာဖြစ်ပါတယ်။ ရောင်းချမှုကိုတော့ ဖုန်းဓာတ်ပုံမှာပါတဲ့ ရက်စွဲအရ မတ်လ ၁၆ ရက်မှာ စတင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena