Galaxy S8, S9 နဲ႔ Note 8 အတြက္ clockface အသစ္ ၃၀ နီးပါး Samsung ထည့္သြင္း

[ Zawgyi ]

Samsung ဟာ Galaxy S7 မွာ “Always-On Display” ကိုစတင္ထည့္သြင္းခဲ့တာ ႏွစ္အနည္းငယ္ၾကာပါၿပီ။ အခုဆိုရင္ Samsung ဟာ အဲဒီ feature ကုိ အဆက္မျပတ္ အဆင့္ျမႇင့္တင္ခဲ့ၿပီး customization သစ္အနည္းငယ္ကုိ ထည့္သြင္းလိုက္ပါတယ္။

Samsung ဟာ “ClockFace” လို႔ေခၚဆိုတဲ့ app သစ္မွာ ထုတ္ကုန္ေပၚက Always-On Display မွာအသုံးျပဳႏိုင္တဲ့ clockface သစ္အခု ၃၀ နီးပါးကုိ ထည့္သြင္းခဲ့ပါတယ္။ အဲဒီ app ကို Samsung Experience 9.0 နဲ႔ Android Oreo အသုံးျပဳထားတဲ့ Samsung စမတ္ဖုန္းေပၚမွာပဲ အသုံးျပဳႏိုင္ပါတယ္။ အဲဒီ feature ကို Galaxy S7, Galaxy S8, Galaxy S9 နဲ႔ Galaxy Note 8 ထုတ္ကုန္ေတြမွာ အသုံးျပဳႏိုင္ပါတယ္။

အဲဒီ app အတြင္းမွာပါဝင္တဲ့ clockface ေတြကို Always-On Display အျပင္ lockscreen မွာလည္း အသုံးျပဳႏိုင္ပါတယ္။ Clockface စတိုင္လ္အမ်ိဳးမ်ိဳး ပါဝင္ၿပီး classic digital နာရီပုံစံကေန စာသားသီးသန္႔နဲ႔ ေဖာ္ျပတဲ့ clockface ေတြအထိ ပါဝင္လာပါတယ္။ App သစ္ကုိ Samsung ကတိုက္႐ိုက္ျဖန္႔ခ်ိတာ ျဖစ္ပါတယ္။

ဒါမွမဟုတ္လည္း ClockFace app ကို ယုံၾကည္ရတဲ့ third-party အရင္းအျမစ္ကေန ရယူႏိုင္ပါတယ္။ Samsung သုံးစြဲသူအေနနဲ႔ app ကုိ install လုပ္ၿပီးတာနဲ႔ clockface အသစ္ေတြကုိ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ သုံးစြဲသူက Settings > Lock Screen And Security > Clock And FaceWidgets > Clock Style ကိုသြားေရာက္ၿပီး ေရြးခ်ယ္ေပးႏိုင္ပါတယ္။

စုိးထက္
Ref: 9to5Google

[ Unicode ]

Samsung ဟာ Galaxy S7 မှာ “Always-On Display” ကိုစတင်ထည့်သွင်းခဲ့တာ နှစ်အနည်းငယ်ကြာပါပြီ။ အခုဆိုရင် Samsung ဟာ အဲဒီ feature ကို အဆက်မပြတ် အဆင့်မြှင့်တင်ခဲ့ပြီး customization သစ်အနည်းငယ်ကို ထည့်သွင်းလိုက်ပါတယ်။

Samsung ဟာ “ClockFace” လို့ခေါ်ဆိုတဲ့ app သစ်မှာ ထုတ်ကုန်ပေါ်က Always-On Display မှာအသုံးပြုနိုင်တဲ့ clockface သစ်အခု ၃၀ နီးပါးကို ထည့်သွင်းခဲ့ပါတယ်။ အဲဒီ app ကို Samsung Experience 9.0 နဲ့ Android Oreo အသုံးပြုထားတဲ့ Samsung စမတ်ဖုန်းပေါ်မှာပဲ အသုံးပြုနိုင်ပါတယ်။ အဲဒီ feature ကို Galaxy S7, Galaxy S8, Galaxy S9 နဲ့ Galaxy Note 8 ထုတ်ကုန်တွေမှာ အသုံးပြုနိုင်ပါတယ်။

အဲဒီ app အတွင်းမှာပါဝင်တဲ့ clockface တွေကို Always-On Display အပြင် lockscreen မှာလည်း အသုံးပြုနိုင်ပါတယ်။ Clockface စတိုင်လ်အမျိုးမျိုး ပါဝင်ပြီး classic digital နာရီပုံစံကနေ စာသားသီးသန့်နဲ့ ဖော်ပြတဲ့ clockface တွေအထိ ပါဝင်လာပါတယ်။ App သစ်ကို Samsung ကတိုက်ရိုက်ဖြန့်ချိတာ ဖြစ်ပါတယ်။

ဒါမှမဟုတ်လည်း ClockFace app ကို ယုံကြည်ရတဲ့ third-party အရင်းအမြစ်ကနေ ရယူနိုင်ပါတယ်။ Samsung သုံးစွဲသူအနေနဲ့ app ကို install လုပ်ပြီးတာနဲ့ clockface အသစ်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူက Settings > Lock Screen And Security > Clock And FaceWidgets > Clock Style ကိုသွားရောက်ပြီး ရွေးချယ်ပေးနိုင်ပါတယ်။

စိုးထက်
Ref: 9to5Google