Galaxy S8 Lite ကို Galaxy S Light Luxury အေနနဲ႔ မိတ္ဆက္လိုက္တဲ့ Samsung

[ Zawgyi ]

Galaxy S8 ရဲ႕ Lite ဗားရွင္းကို မျဖန္႔ခ်ိရေသးတဲ့ Samsung ဟာ Galaxy S Light Luxury လို႔ေခၚတဲ့ ဟန္းဆက္ကို တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ေၾကညာခဲ့ပါတယ္။ အဲ့ဒီစမတ္ဖုန္းဟာ Galaxy S8 နဲ႔ဒီဇိုင္းပိုင္း တူညီေပမယ့္ specs ကိုေတာ့ ေလွ်ာ့ခ်ထားပါတယ္။

ဒီစမတ္ဖုန္းမွာ ၅.၈ လက္မ Full Screen “Infinity” display ပါဝင္ၿပီး Snapdragon 660, 4GB RAM, 64GB storage တို႔နဲ႔ အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။ အေရွ႕ဘက္ကင္မရာက 8-megapixel ျဖစ္ၿပီး ေက်ာဘက္ကင္မရာက 16-megapixel ျဖစ္ပါတယ္။ Fingerprint sensor ကို S8 အတိုင္း ေက်ာဘက္ကင္မရာရဲ႕ ညာဘက္မွာ တပ္ဆင္ထားပါတယ္။

အေရာင္ေတြအေနနဲ႔ Burgundy Red နဲ႔ Midnight Black ဆိုၿပီး ရရိွႏိုင္ပါတယ္။

Samsung ဟာ IP68 အဆင့္ကို ဆက္လက္ေထာက္ပံ့ထားတာေၾကာင့္ ဖုန္နဲ႔ ေရစိုဒဏ္ကို ခံႏိုင္ပါတယ္။ Bixby ခလုတ္ကိုလည္း ဆက္လက္ထည့္သြင္းထားပါတယ္။

ဒီစမတ္ဖုန္းကို တ႐ုတ္ႏိုင္ငံမွာ JD.com ကေန ၆၂၆ ေဒၚလာနဲ႔ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ ဇြန္လ ၁ ရက္မွာ ႀကိဳတင္မွာယူမယ္ ဆိုရင္ေတာ့ ေစ်းအနည္းငယ္သက္သာၿပီး ၅၇၉ ေဒၚလာနဲ႔ ရရိွႏိုင္မယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: Neowin

=============

[ Unicode ]

Galaxy S8 Lite ကို Galaxy S Light Luxury အနေနဲ့ မိတ်ဆက်လိုက်တဲ့ Samsung

=============

Galaxy S8 ရဲ့ Lite ဗားရှင်းကို မဖြန့်ချိရသေးတဲ့ Samsung ဟာ Galaxy S Light Luxury လို့ခေါ်တဲ့ ဟန်းဆက်ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။ အဲ့ဒီစမတ်ဖုန်းဟာ Galaxy S8 နဲ့ဒီဇိုင်းပိုင်း တူညီပေမယ့် specs ကိုတော့ လျှော့ချထားပါတယ်။

ဒီစမတ်ဖုန်းမှာ ၅.၈ လက်မ Full Screen “Infinity” display ပါဝင်ပြီး Snapdragon 660, 4GB RAM, 64GB storage တို့နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာက 8-megapixel ဖြစ်ပြီး ကျောဘက်ကင်မရာက 16-megapixel ဖြစ်ပါတယ်။ Fingerprint sensor ကို S8 အတိုင်း ကျောဘက်ကင်မရာရဲ့ ညာဘက်မှာ တပ်ဆင်ထားပါတယ်။

အရောင်တွေအနေနဲ့ Burgundy Red နဲ့ Midnight Black ဆိုပြီး ရရှိနိုင်ပါတယ်။

Samsung ဟာ IP68 အဆင့်ကို ဆက်လက်ထောက်ပံ့ထားတာကြောင့် ဖုန်နဲ့ ရေစိုဒဏ်ကို ခံနိုင်ပါတယ်။ Bixby ခလုတ်ကိုလည်း ဆက်လက်ထည့်သွင်းထားပါတယ်။

ဒီစမတ်ဖုန်းကို တရုတ်နိုင်ငံမှာ JD.com ကနေ ၆၂၆ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ ဇွန်လ ၁ ရက်မှာ ကြိုတင်မှာယူမယ် ဆိုရင်တော့ စျေးအနည်းငယ်သက်သာပြီး ၅၇၉ ဒေါ်လာနဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: Neowin