Galaxy S7 ထက် အရွယ်ပိုကြီးတဲ့ ဘက်ထရီတွေကို Galaxy S8 တွင် တွေ့မြင်ရမည်

Galaxy S8 အတွက် ဘက်ထရီတွေ ထောက်ပံ့ပေးမယ့် Samsung SDI က S7 ဘက်ထရီတွေထက် အရွယ်ပိုကြီးတဲ့ ဘက်ထရီတွေ ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ သတင်းသစ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီသတင်းအရ Galaxy S8 မှာ 3,250mAh ဘက်ထရီ ပါဝင်လာပြီး Galaxy S8 Plus မှာတော့ 3,750mAh ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါဟာ S7 ရဲ့ 3,000mAh ဘက်ထရီနဲ့ S7 Edge ရဲ့ 3,600mAh ဘက်ထရီထက် ပိုကြီးပါတယ်။

ဒီဘက်ထရီတွေဟာ ၅.၈ လက်မနဲ့ ၆.၂ လက်မ screen တွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Snapdragon 835 က 820 chipset တွေထက် ဘက်ထရီသုံးစွဲမှု ပိုမိုသက်သာတယ်လို့ ဆိုပါတယ်။ ကောလာဟလ သတင်းတွေအရ Galaxy S8 နှစ်မျိုးကို ဧပြီ ၂၁ ရက်မှာ ယူရို ၈၀၀ နဲ့ ယူရို ၉၀၀ အသီးသီး ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: GSMArena