Galaxy S20 Ultra Limited Edition White ကို Samsung မိတ်ဆက်

Samsung ဟာ Galaxy S20 Ultra Limited Edition White အမည်ရ ဗားရှင်းအသစ်ကို ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။

Galaxy S20 Ultra Limited Edition White ကိုဗီယက်နမ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဈေးနှုန်းကတော့ ဗီယက်နမ်ဒေါင် ၂၉,၉၉၀,၀၀ (ဒေါ်လာ ၁,၂၉၀) ကျသင့်ပါမယ်။ ဗီယက်နမ်မှာ ဇွန်လ ၁၂ကနေ ၁၈ရက်အတွင်း ကြိုတင်မှာယူနိုင်ပါတယ်။ ကြိုတင်မှာယူသူတွေက ဒေါ်လာ ၃၀၀ဝန်းကျင် Harman Kardon Aura Studio 3 စပီကာကို အခမဲ့ရရှိနိုင်သလို cashback ကလည်း ဒေါ်လာ ၁၇၀အထိ ရရှိဦးမှာပါ။

Galaxy S20 Ultra Limited Edition White စတင်ရောင်းချမယ့်ရက်ကတော့ ဇွန်လ ၁၉ရက်ဖြစ်ပါတယ်။ ဖုန်းမှာ Exynos 990 SoC, မျက်နှာပြင်အရွယ် ၆.၉လက်မ QHD+ 120Hz AMOLED display နဲ့ 108MP quad ကင်မရာနဲ့ 5,000 mAh ဘက်ထရီနဲ့အတူ 45W အားသွင်းမြန်ဆန်စနစ်ပါဝင်လာတယ်။

-စိုးထက်
Ref: GSMArena