Galaxy S20 နဲ့ Note 20 ထုတ်ကုန်တွေနဲ့ ရိုက်ကူးမယ့် ရုပ်ရှင်

Samsung Electronic ဟာ Samsung Galaxy ဖုန်းတွေနဲ့ ရိုက်ကူးပြီး 8K ရုပ်ထွက်အရည်အသွေးရှိတဲ့ ရုပ်ရှင်ကို ထုတ်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။

Galaxy S20 Ultra နဲ့ Galaxy Note 20 Ultra တို့နဲ့ 8K ရုပ်ထွက်အရည်အသွေးရှိ “Untact” ရုပ်ရှင်ကို ရိုက်ကူးသွားပါမယ်။ အထူးခန်းတချို့အတွက် equipment အသစ်တွေ အသုံးပြုမယ်လို့ Samsung ကပြောခဲ့ပါတယ်။ အခုစီမံကိန်းက Samsung ရဲ့ flagship ဖုန်းနဲ့ 8K ရုပ်ထွက်အရည်အသွေး ဗီဒီယိုရိုက်ကူးနိုင်တဲ့ စွမ်းရည်ကို ကြော်ငြာတာ ဖြစ်ပါတယ်။

လာမယ့်လအတွင်း Samsung ဟာ QLED 8K တီဗီမှာ ရုပ်ရှင်ပြသဖို့ ဆိုးလ်မြို့မှာ 8K ရုံနှစ်ခုကို ဖွင့်ပါမယ်။ လူအနည်းငယ်ကိုပဲ ရုပ်ရှင်ပြသဖို့ ကြိုတင်နေရာယူစနစ် ပြုလုပ်ထားပါတယ်။ “Untact” ရုပ်ရှင်ကိုတော့ YouTube ကနေ ထုတ်လွှင့်ပါမယ်။

အဲဒီဇာတ်ကားကို ဒါရိုက်တာ Kim Jee-woon ကရိုက်ကူးပြီး Kim Ju-hun နဲ့ Kim Go-eun တို့က သရုပ်ဆောင်ထားပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««