Galaxy S10 နဲ႔ပတ္သက္တဲ့ အခ်က္အလက္မ်ား ေပါက္ၾကားထြက္ေပၚလာ

Samsung ရဲ႕ Galaxy Note 9 မထြက္ရွိေသးခင္မွာ Galaxy S10 စမတ္ဖုန္းနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ေပါက္ၾကား ထြက္ေပၚလာပါတယ္။ Mobiel Kopen က ထြက္ေပၚလာတဲ့ မူပုိင္ခြင့္ဓာတ္ပုံေတြအရ Samsung Galaxy S10 မွာ display တစ္ခုထက္မနည္း ပါဝင္လာဖြယ္ရွိပါတယ္။

Samsung Galaxy S စီးရီးစမတ္ဖုန္းေတြဟာ ၿပီးခဲ့တဲ့ ငါးႏွစ္အတြင္း အေျခခံတည္ေဆာက္မႈ အေကာင္းဆုံး ထုတ္ကုန္ ျဖစ္သလို Android ထုတ္ကုန္ေလာကရဲ႕ စံနမူနာ ထုတ္ကုန္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Galaxy S စီးရီးထုတ္ကုန္ေတြဟာ အျခား စမတ္ဖုန္းေတြအတြက္ အေျခခံမူတစ္ခုလည္း ျဖစ္ပါတယ္။

Samsung Galaxy S နဲ႔ Note ထုတ္ကုန္ေတြမွာ ပိုမုိက်ယ္ျပန္္႔တဲ့ display ေတြ ပါဝင္လာေတာ့မွာ ျဖစ္ပါတယ္။ ထြက္ေပၚလာတဲ့ မူပုိင္ခြင့္ ဓာတ္ပုံေတြမွာ Samsung ဟာ Galaxy S10 မွာ Sharp ရဲ႕ “Aquos Crystal” ထုတ္ကုန္ေတြကုိ ရည္ညႊန္းထားပါတယ္။ ဒါေၾကာင့္ Galaxy S10 မွာေဘးေဘာင္ေတြ ပါဝင္လာဖြယ္မရွိပါဘူး။ Samsung စမတ္ဖုန္းရဲ႕ ဒီဇိုင္းပုိင္းကို မူပိုင္ခြင့္အမွတ္ US D820,836 S လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ မူပုိင္ခြင့္မွာ ေက်ာဘက္ display ကုိလည္း ေဖာ္ျပထားေပမယ့္ S10 နဲ႔ သက္ဆုိင္မႈ ရွိ၊ မရွိကို မေဖာ္ျပထားဘူး။ ဒါေၾကာင့္ ေက်ာဘက္ diplay ဒီဇိုင္းဟာ သီးျခားမူပိုင္ခြင့္ တစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။

Samsung Galaxy S10 မွာ ေက်ာဘက္ display ပါဝင္လာခဲ့မယ္ဆိုရင္ ဘက္ထရီသက္သာေစဖို႔ အခ်ိန္ေဖာ္ျပေပးတဲ့ အရာတစ္ခုအျဖစ္ အသုံးျပဳႏုိင္သလို selfie ကင္မရာအျဖစ္လည္း အသုံးျပဳလာႏိုင္ပါတယ္။ ေက်ာဘက္ display ကုိ selfie အျဖစ္ အသုံးျပဳလိုက္ခဲ့မယ္ဆိုရင္ ဖုန္းအေရွ႕ဘက္က ကင္မရာကို လိုအပ္ေတာ့မွာ မဟုတ္ပါဘူး။

စိုးထက္
Ref: SlashGear

Samsung ရဲ့ Galaxy Note 9 မထွက်ရှိသေးခင်မှာ Galaxy S10 စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပေါက်ကြား ထွက်ပေါ်လာပါတယ်။ Mobiel Kopen က ထွက်ပေါ်လာတဲ့ မူပိုင်ခွင့်ဓာတ်ပုံတွေအရ Samsung Galaxy S10 မှာ display တစ်ခုထက်မနည်း ပါဝင်လာဖွယ်ရှိပါတယ်။

Samsung Galaxy S စီးရီးစမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အခြေခံတည်ဆောက်မှု အကောင်းဆုံး ထုတ်ကုန် ဖြစ်သလို Android ထုတ်ကုန်လောကရဲ့ စံနမူနာ ထုတ်ကုန်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S စီးရီးထုတ်ကုန်တွေဟာ အခြား စမတ်ဖုန်းတွေအတွက် အခြေခံမူတစ်ခုလည်း ဖြစ်ပါတယ်။

Samsung Galaxy S နဲ့ Note ထုတ်ကုန်တွေမှာ ပိုမိုကျယ်ပြန့််တဲ့ display တွေ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ မူပိုင်ခွင့် ဓာတ်ပုံတွေမှာ Samsung ဟာ Galaxy S10 မှာ Sharp ရဲ့ “Aquos Crystal” ထုတ်ကုန်တွေကို ရည်ညွှန်းထားပါတယ်။ ဒါကြောင့် Galaxy S10 မှာဘေးဘောင်တွေ ပါဝင်လာဖွယ်မရှိပါဘူး။ Samsung စမတ်ဖုန်းရဲ့ ဒီဇိုင်းပိုင်းကို မူပိုင်ခွင့်အမှတ် US D820,836 S လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မူပိုင်ခွင့်မှာ ကျောဘက် display ကိုလည်း ဖော်ပြထားပေမယ့် S10 နဲ့ သက်ဆိုင်မှု ရှိ၊ မရှိကို မဖော်ပြထားဘူး။ ဒါကြောင့် ကျောဘက် diplay ဒီဇိုင်းဟာ သီးခြားမူပိုင်ခွင့် တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

Samsung Galaxy S10 မှာ ကျောဘက် display ပါဝင်လာခဲ့မယ်ဆိုရင် ဘက်ထရီသက်သာစေဖို့ အချိန်ဖော်ပြပေးတဲ့ အရာတစ်ခုအဖြစ် အသုံးပြုနိုင်သလို selfie ကင်မရာအဖြစ်လည်း အသုံးပြုလာနိုင်ပါတယ်။ ကျောဘက် display ကို selfie အဖြစ် အသုံးပြုလိုက်ခဲ့မယ်ဆိုရင် ဖုန်းအရှေ့ဘက်က ကင်မရာကို လိုအပ်တော့မှာ မဟုတ်ပါဘူး။

စိုးထက်
Ref: SlashGear