Galaxy S10 နဲ့ Note 10 က fingerprint ပြဿနာကို Samsung ဖြေရှင်းပေးခဲ့

Samsung Electronics ဟာ Galaxy S10 နဲ့ Note 10 စမတ်ဖုန်းတွေမှာ ဖြစ်ပေါ်နေတဲ့ fingerprint မှတ်သားတဲ့ feature ပြဿနာကို ဖြေရှင်းဖို့ software ကို update ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

Samsung ဟာ Samsung Members ဆိုတဲ့ သုံးစွဲသူ ထောက်ပံ့ရေး app ကတစ်ဆင့် တောင်းပန်ခဲ့ပြီး Galaxy ဖုန်းသုံးစွဲသူတွေ အနေနဲ့ biometric စနစ်ကို နောက်ဆုံး software ဗားရှင်းအဆင့်မြှင့်တင်ဖို့ ကုမ္ပဏီက တိုက်တွန်းထားပါတယ်။

ဖုန်းအတွင်းမှာ စာရင်းသွင်းထားတဲ့ biometric အချက်အလက် မလိုဘဲ unlock ဖြစ်နေတယ်လို့ ဗြိတိန်က Galaxy S10 သုံးစွဲသူတစ်ဦး ကြုံတွေ့နေရတယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။
အဲဒီပြဿနာဟာ ဆီလီကွန် case တွေနဲ့အတူ screen protector တွေက လက်ဗွေတွေ မှတ်သားထားလို့ ဖြစ်တယ် Samsung ကပြောခဲ့ပါတယ်။

“Samsung Electroinics ဟာ ထုတ်ကုန်လုံခြုံရေးကို အလေးအနက်ထား ကိုင်တွယ်ပြီး biometric စနစ် လုပ်ဆောင်ချက်တွေ တိုးတက်လာဖို့ အဆင့်မြှင့်တင်မှုနဲ့ update ဆက်လက်တိုးတက်မှုက တစ်ဆင့် လုံခြုံရေးကို အဆင့်မြှင့်တင်ပေးမှာ ဖြစ်ပါတယ်” လို့ Samsung က Samsung Members app မှာထုတ်ပြန်ခဲ့ပါတယ်။

စိုးထက်
Ref: Reuters