Galaxy S10 တြင္ screen ကို တယ္လီဖုန္းနားခြက္အျဖစ္ အသုံးျပဳႏိုင္ဖြယ္ရိွ

[Zawgyi]

Samsung အေနနဲ႔ ၂၀၁၉ ခုႏွစ္မွာ ပထမဆုံးျဖန္႔ခ်ိမယ့္ အထင္ကရ မိုဘိုင္းထုတ္ကုန္မွာ screen အေျချပဳ စပီကာစနစ္ကုိ အေကာင္အထည္ေဖာ္သြားမယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

Samsung ဟာ အဲဒီစပီကာစနစ္ကုိ ၿပီးခဲ့တဲ့ေမလက SID မွာျပသခဲ့တယ္လို႔ သိရပါတယ္။ အဲဒီစနစ္ဟာ Galaxy S10 ရဲ႕ အေရွ႕ဘက္ panel မွာ ေနရာလြတ္မ်ားစြာဖန္တီးေပးၿပီး ေခတ္စားေနတဲ့ notch ကို လုံးဝ ဖယ္ရွားႏိုင္ပါတယ္။ Samsung ဟာ မိုဘုိင္းထုတ္ကုန္အတြက္ စပီကာအျဖစ္လည္း အသုံးျပဳႏိုင္တဲ့ sound-on-display screen ကို အသုံးျပဳသြားမွာ ျဖစ္ပါတယ္။

အဲဒီ sound-on-display feature မွာ စမတ္ဖုန္း screen ကအသံကို သုံးစြဲသူ ဦးခြံ႐ိုးကတစ္ဆင့္ နားထဲအထိ တိုက္႐ိုက္ေရာက္သြားေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။ မ်က္ႏွာျပင္အရြယ္အစား ၆.၂၂ လက္မ ႐ုပ္ထြက္အရည္အေသြး 2960x 1440 ရွိတဲ့ ေရွ႕ေျပးထုတ္ကုန္ကို ၿပီးခဲ့တဲ့ေမလက ထုတ္ေဖာ္ျပခဲ့တယ္လို႔ BGR က ေဖာ္ျပသြားပါတယ္။ ေရွ႕ေျပးထုတ္ကုန္မွာပါဝင္တဲ့ အဲဒီ နည္းပညာအမည္ကို မေဖာ္ျပခဲ့ေပမယ့္ 2:1 aspect ratio တစ္ခုေၾကာင့္ အဆိုပါနည္းပညာကို လာမယ့္ႏွစ္မွာ ထြက္ရွိမယ့္ Samsung ရဲ႕အဆင့္ျမင့္ စမတ္ဖုန္းမွာ ေတြ႕ျမင္ရဖို႔ရိွပါတယ္။ အထူးသျဖင့္ Galaxy S10 မွာ ပထမဆုံး ပါဝင္လာႏိုင္ေျခ ရွိပါတယ္။

Samsung အေနနဲ႔ sound-on-display feature ကိုအသုံးခ်တာဟာ ဟန္းဆက္ေတြမွာ ေနရာလြတ္ ပိုထြက္လာၿပီး ေဘးေဘာင္ေတြကို ေလွ်ာ႔ခ်ႏိုင္ပါတယ္။ ဒါ့အျပင္ Apple ရဲ႕ notch ကိုလည္း ဖုန္းေတြမွာ ထည့္သြင္းစရာ မလုိေတာ့ပါဘူး။

Galaxy S10 ဟာ ၂၀၁၉ ခုႏွစ္အေစာပုိင္းမွာ ထြက္ရွိလာႏိုင္ဖြယ္ရွိပါတယ္။ ဒါ့အျပင္ Samsung ဟာ လူအမ်ားေစာင့္ဆုိင္းေနတဲ့ Galaxy X ကိုလာမယ့္ႏွစ္ အေစာပိုင္းမွာ ထုတ္ေဖာ္ျပသဖြယ္ရွိတယ္လို႔ ေကာလာဟလသတင္းေတြ ထြက္ေပၚေနပါတယ္။

စုိးထက္
Ref: Inquisitr

 

[Unicode]

Samsung အနေနဲ့ ၂၀၁၉ ခုနှစ်မှာ ပထမဆုံးဖြန့်ချိမယ့် အထင်ကရ မိုဘိုင်းထုတ်ကုန်မှာ screen အခြေပြု စပီကာစနစ်ကို အကောင်အထည်ဖော်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

Samsung ဟာ အဲဒီစပီကာစနစ်ကို ပြီးခဲ့တဲ့မေလက SID မှာပြသခဲ့တယ်လို့ သိရပါတယ်။ အဲဒီစနစ်ဟာ Galaxy S10 ရဲ့ အရှေ့ဘက် panel မှာ နေရာလွတ်များစွာဖန်တီးပေးပြီး ခေတ်စားနေတဲ့ notch ကို လုံးဝ ဖယ်ရှားနိုင်ပါတယ်။ Samsung ဟာ မိုဘိုင်းထုတ်ကုန်အတွက် စပီကာအဖြစ်လည်း အသုံးပြုနိုင်တဲ့ sound-on-display screen ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

အဲဒီ sound-on-display feature မှာ စမတ်ဖုန်း screen ကအသံကို သုံးစွဲသူ ဦးခွံရိုးကတစ်ဆင့် နားထဲအထိ တိုက်ရိုက်ရောက်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၂၂ လက်မ ရုပ်ထွက်အရည်အသွေး 2960x 1440 ရှိတဲ့ ရှေ့ပြေးထုတ်ကုန်ကို ပြီးခဲ့တဲ့မေလက ထုတ်ဖော်ပြခဲ့တယ်လို့ BGR က ဖော်ပြသွားပါတယ်။ ရှေ့ပြေးထုတ်ကုန်မှာပါဝင်တဲ့ အဲဒီ နည်းပညာအမည်ကို မဖော်ပြခဲ့ပေမယ့် 2:1 aspect ratio တစ်ခုကြောင့် အဆိုပါနည်းပညာကို လာမယ့်နှစ်မှာ ထွက်ရှိမယ့် Samsung ရဲ့အဆင့်မြင့် စမတ်ဖုန်းမှာ တွေ့မြင်ရဖို့ရှိပါတယ်။ အထူးသဖြင့် Galaxy S10 မှာ ပထမဆုံး ပါဝင်လာနိုင်ခြေ ရှိပါတယ်။

Samsung အနေနဲ့ sound-on-display feature ကိုအသုံးချတာဟာ ဟန်းဆက်တွေမှာ နေရာလွတ် ပိုထွက်လာပြီး ဘေးဘောင်တွေကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် Apple ရဲ့ notch ကိုလည်း ဖုန်းတွေမှာ ထည့်သွင်းစရာ မလိုတော့ပါဘူး။

Galaxy S10 ဟာ ၂၀၁၉ ခုနှစ်အစောပိုင်းမှာ ထွက်ရှိလာနိုင်ဖွယ်ရှိပါတယ်။ ဒါ့အပြင် Samsung ဟာ လူအများစောင့်ဆိုင်းနေတဲ့ Galaxy X ကိုလာမယ့်နှစ် အစောပိုင်းမှာ ထုတ်ဖော်ပြသဖွယ်ရှိတယ်လို့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပါတယ်။

စိုးထက်
Ref: Inquisitr