Galaxy S10 တြင္ in-display fingerprint sensor ပါဝင္ၿပီး ေမာ္ဒယ္သံုးမ်ိဳးျဖင့္ ေတြ႕ျမင္ရဖြယ္ရိွ

[ Zawgyi ]

Samsung ဟာ ၂၀၁၉ ခုႏွစ္မွာ Galaxy S10 ကို ေမာ္ဒယ္သံုးမ်ိဳးနဲ႔ ျဖန္႔ခ်ိသြားဖို႔စီစဥ္ေနတယ္လို႔ TF International Securities ေလ့လာဆန္းစစ္သူ Ming-Chi Kuo က ေျပာၾကားလိုက္ပါတယ္။

Galaxy S10 ေမာ္ဒယ္သံုးမ်ိဳးမွာ ၅.၈ လက္မ screen, ၆.၁ လက္မ screen နဲ႔ ၆.၄ လက္မ screen အသီးသီး ပါဝင္လာမယ္လို႔ Kuo က ဆိုပါတယ္။

လာမယ့္ႏွစ္မွာ Samsung က ေထာက္ပံ့ေပးမယ့္ အေရးပါတဲ့ feature တစ္ခုက fingerprint on display (FOD) reader ျဖစ္ပါတယ္။ အဲ့ဒီ FOD reader ဟာ screen ေပၚတင္လိုက္တဲ့ လက္ေခ်ာင္းကို scan လုပ္ေပးႏိုင္ပါတယ္။

အရြယ္ႀကီးမားၿပီး စြမ္းေဆာင္ရည္ျမင့္တဲ့ Galaxy S10 ေမာ္ဒယ္ႏွစ္ခုမွာ “ultrasonic FOD” reader ပါဝင္ၿပီး အရြယ္ငယ္တဲ့ Galaxy S10 မွာေတာ့ fingerprint sensor ကို ေဘးဘက္မွာ တပ္ဆင္ထားတယ္လို႔ Kuo ရဲ႕ သုေတသနအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

Galaxy S9 မွာ fingerprint reader ကို ေက်ာဘက္မွာ တပ္ဆင္ထားပါတယ္။ Apple ကလည္း iPhone ေတြကေန fingerprint reader ကို ဖယ္ရွားဖို႔ ဆႏၵရိွေနၿပီး ဒီႏွစ္မွာ ျဖန္႔ခ်ိမယ့္ iPhone သစ္သံုးမ်ိဳးစလံုးမွာ fingerprint sesnor ပါဝင္လာဖြယ္မရိွဘူးလို႔ ဆိုပါတယ္။

Samsung ဟာ fingerprint-on-display (FOD) ကို ကုမၸဏီရဲ႕ high-end “A series” ဖုန္းေတြအျပင္ ၂၀၁၉ ႏွစ္ကုန္ပိုင္းမွာ ျဖန္႔ခ်ိဖြယ္ရိွတဲ့ Note 10 မွာလည္း အသံုးျပဳသြားမယ္လို႔ ယူဆရပါတယ္။ Note 10 မွာ 3D-sensing ကင္မရာလည္း ပါဝင္လာႏိုင္ပါတယ္။ Ultrasonic FOD ကို GIS နဲ႔ O-film တို႔က ဖန္တီးထားၿပီး Qualcomm design နဲ႔ software ေပၚမွာ အေျခခံထားတယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ Samsung အေနနဲ႔ လာမယ့္ႏွစ္မွာ Galaxy S10 ဖုန္း သန္း ၄၀ အထိ တင္ပို႔ေရာင္းခ်ႏိုင္ၿပီး အမ်ားစုက ေစ်းပိုႀကီးၿပီး အရြယ္ႀကီးမားတဲ့ ေမာ္ဒယ္ႏွစ္ခုျဖစ္ႏိုင္တယ္လို႔ Kuo က ခန္႔မွန္းထားပါတယ္။ Galaxy Note 10 ကိုလည္း လာမယ့္ႏွစ္မွာ ၁၄ သန္းကေန ၁၆ သန္းအထိ တင္ပို႔ေရာင္းခ်ရဖြယ္ရိွတယ္လို႔လည္း TF International Securities က ခန္႔မွန္းထားပါတယ္။

Ref: BusinessInsider

[ Unicode ]

Samsung ဟာ ၂၀၁၉ ခုနှစ်မှာ Galaxy S10 ကို မော်ဒယ်သုံးမျိုးနဲ့ ဖြန့်ချိသွားဖို့စီစဉ်နေတယ်လို့ TF International Securities လေ့လာဆန်းစစ်သူ Ming-Chi Kuo က ပြောကြားလိုက်ပါတယ်။

Galaxy S10 မော်ဒယ်သုံးမျိုးမှာ ၅.၈ လက်မ screen, ၆.၁ လက်မ screen နဲ့ ၆.၄ လက်မ screen အသီးသီး ပါဝင်လာမယ်လို့ Kuo က ဆိုပါတယ်။

လာမယ့်နှစ်မှာ Samsung က ထောက်ပံ့ပေးမယ့် အရေးပါတဲ့ feature တစ်ခုက fingerprint on display (FOD) reader ဖြစ်ပါတယ်။ အဲ့ဒီ FOD reader ဟာ screen ပေါ်တင်လိုက်တဲ့ လက်ချောင်းကို scan လုပ်ပေးနိုင်ပါတယ်။

အရွယ်ကြီးမားပြီး စွမ်းဆောင်ရည်မြင့်တဲ့ Galaxy S10 မော်ဒယ်နှစ်ခုမှာ “ultrasonic FOD” reader ပါဝင်ပြီး အရွယ်ငယ်တဲ့ Galaxy S10 မှာတော့ fingerprint sensor ကို ဘေးဘက်မှာ တပ်ဆင်ထားတယ်လို့ Kuo ရဲ့ သုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Galaxy S9 မှာ fingerprint reader ကို ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ Apple ကလည်း iPhone တွေကနေ fingerprint reader ကို ဖယ်ရှားဖို့ ဆန္ဒရှိနေပြီး ဒီနှစ်မှာ ဖြန့်ချိမယ့် iPhone သစ်သုံးမျိုးစလုံးမှာ fingerprint sesnor ပါဝင်လာဖွယ်မရှိဘူးလို့ ဆိုပါတယ်။

Samsung ဟာ fingerprint-on-display (FOD) ကို ကုမ္ပဏီရဲ့ high-end “A series” ဖုန်းတွေအပြင် ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ဖြန့်ချိဖွယ်ရှိတဲ့ Note 10 မှာလည်း အသုံးပြုသွားမယ်လို့ ယူဆရပါတယ်။ Note 10 မှာ 3D-sensing ကင်မရာလည်း ပါဝင်လာနိုင်ပါတယ်။ Ultrasonic FOD ကို GIS နဲ့ O-film တို့က ဖန်တီးထားပြီး Qualcomm design နဲ့ software ပေါ်မှာ အခြေခံထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် Samsung အနေနဲ့ လာမယ့်နှစ်မှာ Galaxy S10 ဖုန်း သန်း ၄၀ အထိ တင်ပို့ရောင်းချနိုင်ပြီး အများစုက စျေးပိုကြီးပြီး အရွယ်ကြီးမားတဲ့ မော်ဒယ်နှစ်ခုဖြစ်နိုင်တယ်လို့ Kuo က ခန့်မှန်းထားပါတယ်။ Galaxy Note 10 ကိုလည်း လာမယ့်နှစ်မှာ ၁၄ သန်းကနေ ၁၆ သန်းအထိ တင်ပို့ရောင်းချရဖွယ်ရှိတယ်လို့လည်း TF International Securities က ခန့်မှန်းထားပါတယ်။

Ref: BusinessInsider