Galaxy Note 9 ရဲ႕ S Pen, camera နဲ႔ DeX mode တို႔ရဲ႕ အေသးစိတ္အခ်က္အလက္ ဓာတ္ပုံမ်ား ေပါက္ၾကားထြက္ေပၚ

[ Zawgyi ]

Samsung အေနနဲ႔ Galaxy Note 9 ကို ၾသဂုတ္လ ၉ ရက္မွာ ထုတ္ေဖာ္မိတ္ဆက္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ Galaxy Note 9 မွာပါဝင္တဲ့ feature ေတြရဲ႕ အေသးစိတ္အခ်က္အလက္ပါဝင္တဲ့ ဓာတ္ပုံေတြေတာ့ ေပါက္ၾကားထြက္ေပၚလာပါတယ္။ ေပါက္ၾကားထြက္ေပၚလာတဲ့ ဓာတ္ပုံေတြမွာေတာ့ S Pen, camera နဲ႔ DeX mode အေသးစိတ္အခ်က္အလက္ေတြကုိ အေသးစိတ္ေဖာ္ျပထားပါတယ္။

Galaxy Note 9 ရဲ႕ S Pen သစ္မွာ Bluetooth ခ်ိတ္ဆက္မႈပါဝင္တဲ့အတြက္ ကင္မရာကုိ အေဝးကေန ဖြင့္ႏိုင္ပါတယ္။ ဒါ့အျပင္ S Pen မွာအသုံးျပဳတဲ့ app အေပၚမူတည္ၿပီး presentation ထဲက slide ကုိ ေျပာင္းလဲႏိုင္သလို အျခားအရာေတြမွာလည္း အသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။

 

Note 9 ကင္မရာမွာ Galaxy S9 ဖုန္းေတြမွာ အသုံးျပဳထားတဲ့ dual aperture ပါဝင္လာၿပီး AI နည္းပညာတခ်ိဳ႕ အသုံးျပဳထားပါတယ္။ ကင္မရာနဲ႔ ႐ိုက္ကူးတဲ့ ႐ႈခင္းအေပၚမူတည္ၿပီး image settings ကုိလည္း အလိုအေလ်ာက္ ခ်ိန္ညႇိေပးသလို ေဝဝါးသြားတဲ့ ႐ိုက္ခ်က္ေတြ ဒါမွမဟုတ္ ဓာတ္ပုံ႐ိုက္ကူးေနစဥ္မွာ တစ္စုံတစ္ေယာက္က မ်က္ေတာင္ခတ္လိုက္တာကိုလညး္ သတိေပးသြားမွာ ျဖစ္ပါတယ္။ အဲဒီ feature ေတြက အသစ္ေတြမဟုတ္ေပမယ့္ AI အသုံးျပဳထားတာ ျဖစ္ပါတယ္။

 

Galaxy Note 9 မွာအဆင့္ျမႇင့္တင္ထားတဲ့ DeX mode ပါဝင္ၿပီး dock အသုံးျပဳစရာမလိုဘဲ HDMI ႀကိဳးတစ္ခုနဲ႔ ခ်ိတ္ဆက္ အသုံးျပဳႏိုင္ပါတယ္။ Galaxy Note 9 မွာ external ေမာ္နီတာနဲ႔ ကိုယ္ပုိင္ display ႏွစ္ခုစလုံးမွာ အသုံးျပဳခြင့္ေပးတဲ့ Galaxy Tab S4 10.5 dual screen feature ပါဝင္လာႏိုင္ပါတယ္။

Note 9 ေဈးႏႈန္းနဲ႔ပတ္သက္တဲ့ သတင္းေတြလည္း ထြက္ေပၚလာပါတယ္။ Storage 128GB နဲ႔ Note 9 ကို ေပါင္ ၉၀၀၊ storage 512GB ပါဝင္တဲ့ထုတ္ကုန္ကုိ ေပါင္ ၁,၁၀၀ နဲ႔ အသီးသီး ေရာင္းခ်သြားမယ္လုိ႔ သိရပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Samsung အနေနဲ့ Galaxy Note 9 ကို သြဂုတ်လ ၉ ရက်မှာ ထုတ်ဖော်မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Galaxy Note 9 မှာပါဝင်တဲ့ feature တွေရဲ့ အသေးစိတ်အချက်အလက်ပါဝင်တဲ့ ဓာတ်ပုံတွေတော့ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာတော့ S Pen, camera နဲ့ DeX mode အသေးစိတ်အချက်အလက်တွေကို အသေးစိတ်ဖော်ပြထားပါတယ်။

Galaxy Note 9 ရဲ့ S Pen သစ်မှာ Bluetooth ချိတ်ဆက်မှုပါဝင်တဲ့အတွက် ကင်မရာကို အဝေးကနေ ဖွင့်နိုင်ပါတယ်။ ဒါ့အပြင် S Pen မှာအသုံးပြုတဲ့ app အပေါ်မူတည်ပြီး presentation ထဲက slide ကို ပြောင်းလဲနိုင်သလို အခြားအရာတွေမှာလည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Note 9 ကင်မရာမှာ Galaxy S9 ဖုန်းတွေမှာ အသုံးပြုထားတဲ့ dual aperture ပါဝင်လာပြီး AI နည်းပညာတချို့ အသုံးပြုထားပါတယ်။ ကင်မရာနဲ့ ရိုက်ကူးတဲ့ ရှုခင်းအပေါ်မူတည်ပြီး image settings ကိုလည်း အလိုအလျောက် ချိန်ညှိပေးသလို ဝေဝါးသွားတဲ့ ရိုက်ချက်တွေ ဒါမှမဟုတ် ဓာတ်ပုံရိုက်ကူးနေစဉ်မှာ တစ်စုံတစ်ယောက်က မျက်တောင်ခတ်လိုက်တာကိုလညး် သတိပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ feature တွေက အသစ်တွေမဟုတ်ပေမယ့် AI အသုံးပြုထားတာ ဖြစ်ပါတယ်။

Galaxy Note 9 မှာအဆင့်မြှင့်တင်ထားတဲ့ DeX mode ပါဝင်ပြီး dock အသုံးပြုစရာမလိုဘဲ HDMI ကြိုးတစ်ခုနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Galaxy Note 9 မှာ external မော်နီတာနဲ့ ကိုယ်ပိုင် display နှစ်ခုစလုံးမှာ အသုံးပြုခွင့်ပေးတဲ့ Galaxy Tab S4 10.5 dual screen feature ပါဝင်လာနိုင်ပါတယ်။

Note 9 ဈေးနှုန်းနဲ့ပတ်သက်တဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။ Storage 128GB နဲ့ Note 9 ကို ပေါင် ၉၀၀၊ storage 512GB ပါဝင်တဲ့ထုတ်ကုန်ကို ပေါင် ၁,၁၀၀ နဲ့ အသီးသီး ရောင်းချသွားမယ်လို့ သိရပါတယ်။