Galaxy Note 9 ဓာတ်ပုံ ပေါက်ကြားထွက်ပေါ်

[ Zawgyi ]



စိုးထက်
Ref: CNET

[ Unicode ]

Galaxy Note 9 ကို သြဂုတ်လ ၉ ရက်မှာ တရားဝင်မိတ်ဆက်မှာ ဖြစ်ပါတယ်။ တရားဝင်မိတ်ဆက်မယ့်ရက် နီးကပ်လာချိန်မှာ Samsung Galaxy Note 9 သတင်းအချက်အလက် အစစ်အမှန်တွေက ခန့်မှန်းသတင်းတွေနဲ့ concept ဒီဇိုင်းတွေနေရာ အစားဝင်လာပါတယ်။ ဒါ့အပြင် Samsung Galaxy Note ရဲ့ဈေးကွက်ရှာဖွေရေး ဓာတ်ပုံတွေလည်း တွေ့မြင်လာရပါတယ်။

သတင်းအချက်အလက်တွေကို မှန်ကန်အောင် ဖော်ပြပေးလေ့ရှိတဲ့ Evan Blass ဟာ Galaxy Note 9 ဓာတ်ပုံကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံထဲမှာ Galaxy Note 9 မိတ်ဆက်ပွဲ ဖိတ်စာမှာ ဖော်ပြထားတဲ့ အဝါရောင် S-Pen ပါဝင်လာပါတယ်။ အဲဒီ stylus မှာ ခလုတ်တစ်ခုပါဝင်ပြီး Bluetooth ချိတ်ဆက်တဲ့ လုပ်ငန်းတွေမှာ အသုံးပြုလာနိုင်ဖွယ်ရှိပါတယ်။ ဒါ့အပြင် Galaxy Note 9 ကျောဘက်မှာ fingerprint sensor ပါဝင်ပေမယ့် notch တော့ မပါဝင်လာပါဘူး။ Dual camera တွေကတော့ lens အရွယ်အစားပေါ် အခြေခံထားတဲ့ wide-angel နဲ့ telephoto တို့ ဖြစ်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: CNET