GALAXY Note 4 အတွက် လက်တွေ့အသုံးချ အစီအစဉ် ကျင်းပပြုလုပ်မည်

10290051_10204918947834637_9152154924485977500_n.jpg

Samsung GALAXY Note 4 အသုံးချပုံကို ပိုမိုသိရှိလိုသူများအတွက် လက်တွေ့ရှင်းလင်း ပြသပေးမည့် အစီအစဉ်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂ ရက် (တနင်္ဂနွေနေ့) တွင် Orchid Hotel ၌ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်ကို ရန်ကုန်မြို့တွင်း နေထိုင်သူများအတွက်သာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကျန်မြို့များတွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း Samsung ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

လက်တွေ့ရှင်းလင်းပြသပေးမည့် အစီအစဉ်ကို နံနက် ၁၁ နာရီမှ နေ့လယ် ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ပြီး တစ်ချိန်လျှင် လူဦးရေ (၁၀၀) သာ ပါဝင်နိုင်မည်ဖြစ်သည်။ လက်တွေ့ရှင်းလင်းပြသပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို မိမိနှစ်သက်ရာ အချိန်ကို ကြိုတင်စာရင်းပေးသွင်း၍ တက်ရောက်နိုင်မည်ဖြစ်ပြီး စာရင်းပေးသွင်းလိုသူများအနေဖြင့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ်တို့အား Samsung Customer Contact Center ဖုန်း – ၀၁ ၂၃၉၉ ၈၈၈ သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။